Latest News

Wednesday, March 15, 2017

စိန်နန်းတော် စိန်ရွှေရတနာဆိုင် အနုပညာရှင် ၂၀ နီးပါးကို စပွန်ဆာပေးမည်

စိန်နန်းတော် စိန်ရွှေရတနာဆိုင် အနုပညာရှင် ၂၀ နီးပါးကို စပွန်ဆာပေးမည်

သိန်း ၁၀,ဝ၀ဝ တန်ဖိုးရှိတဲ့ စိန်ထည်တွေကို စိန်နန်းတော်စိန်ရွှေရတနာဆိုင်ကနေ စပွန်ဆာပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်၊ မတ် ၁၅ - အကယ်ဒမီပေးပွဲမှာ အနုပညာရှင်အယောက် ၂၀နီးပါးကို သိန်း ၁၀,ဝ၀ဝ တန်ဖိုး ရှိ တဲ့ စိန်ထည်တွေကို စိန်နန်းတော်  စိန်ရွှေရတနာဆိုင်ကနေ စပွန်ဆာပေးမှာ ဖြစ်ပါတယ်။

သည်နှစ်အကယ်ဒမီပေးပွဲမှာတော့ အကယ်ဒမီဖွေးဖွေး၊ နန်းဆု ရတီစိုး၊ နန်းစု၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ နွယ်ဒါလီထွန်း၊ အကယ်ဒမီ ချစ်စနိုးဦး၊ မေ၊ ခိုင်သဇင်ယုဝါ၊ ခိုင်သခင်ငုဝါ၊ ဇင်ဇင်ဇော်မြင့်၊ နန်းမြတ်ဖြိုးသင်း၊ထက်ထက်ထွန်း၊ ဝင့်ယမုံလှိုင်၊ ခင်သဇင်၊ မေဆူး မောင်၊ မေမြတ်နိုး၊ အေးဝတ်ရည်သောင်း၊ ဗီယက်နမ် မင်းသမီး  ငုရင်ထရန်ဟုရန်မေအပြင် ထံန်းကိုကို တို့ကို စပွန်ဆာပေးထားတယ်လို့ သိရပါတယ်။

‘ဒီနှစ်က  ဘာထူးခြားလဲဆိုရင် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟု ရန်မေက ပထမဆုံးမြန်မာ အကယ်ဒမီပေးပွဲကို တက်ရောက်မှာ  ဖြစ်တယ်၊ အကယ်ဒမီပွဲက တစ်နိုင်ငံလုံးမှာ အကြီးမားဆုံးပွဲတစ်ခု ဖြစ်တယ်၊ ရုပ်ရှင်လောကမှာဆိုလို့ရှိရင် တစ်နိုင်ငံလုံးလဲ စိတ်ဝင်စားတဲ့ပွဲမှာ သူတက်လာတယ်ဆိုတော့ နည်းနည်းလဲ ထူးဆန်းတယ်၊ သူ့ ကို ဆိုရင် နန်းဆန်တဲ့ အင်္ကျီပုံနဲ့ဆိုတော့ အဲဒါနဲ့ လိုက်ဖက်တဲ့ ကြိုး အကပ်လေးကို ဆင်မယ်လို့  စိတ်ကူးထားတယ်”လို့ ရုစေ က ခင်မီမီဝင်းက ပြောပါတယ်။

‘လက်ဝတ်ရတနာတွေမှာ ဆက်တစ်ဆက်ကိုဆိုရင် သိန်း ၅၀ဝ နဲ့ သိန်း ၁၀ဝ၀ လောက်ရှိတာ ကြောင့် အယောက် ၂၀ ဆိုရင် သိန်း ၁၀,ဝ၀ဝ လောက် ကုန်ကျနိုင်မှာပါ၊ ဆင်မြန်းပေးတယ်ဆိုတာ အ လကားပေးတာ မဟုတ်ဘူးဆို တော့ ပွဲအတွက် ပေးလိုက်တယ်၊ ပြန်ယူတယ်၊ ဒါပဲ အဓိကကတော့ အတုဝတ်တာထက်စာရင် အစစ်တွေဝတ်တဲ့ အခါမှာ ပိုပြီး တောက်ပလင်းလက်ပြီး ကျက်သရေရှိနိုင်တာ ဖြစ်တယ်၊ ပြီးတော့ အစ်မတို့က အနုပညာရှင်တွေ၊ ဒီဇိုင်နာ တွေနဲ့ ရတနာဆိုင်တွေ၊ အဲဒီလိုမျိုးပေါင်းပြီးတော့ စဉ်းစားပေးရတယ်၊ အဲဒီလိုပေါင်းပြီး တီထွင်လိုက်တာကို  မြန်မာပြည်သူတွေကို ပြသတာဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

စပွန်ဆာပေးရမယ့် အနုပညာရှင်တွေကို ရွေးချယ်တဲ့အခါမှာ စိန်နန်းတော်အရင်က ကြော်ငြာရိုက်ဖူးတဲ့သူတွေကို ဦးစားပေးရွေးချယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ တချို့အနုပညာရှင်တွေက ကမ်းလှမ်းတာတွေကြောင့်လည်းစပွန်ဆာပေးဖြစ်တာ ရှိတယ်လို့ သိရပါတယ်။ လက်ဝတ်ရတနာဆိုင်တိုင်းမှာ စိန်နဲ့ မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာတွေကို အတိအကျပြသမှာ ဖြစ်ပါတယ်။ စိန်ဆိုတာက ဒိာမ-ုနဒိစ ၏ုရညေရေ ဆိုတဲ့ စကားပုံအတိုင်း ထာဝရတောက်ပနေမှာ ဖြစ်တာကြောင့် စိန်ထည်တွေကို ဦးစားပေးပြီး ပြုလုပ်ဖြစ်တာလို့ ဆိုပါတယ်။

လိမ္မာ ၊ မိပုံ့ ( Kumudra )


No comments:

Post a Comment