Latest News

Sunday, March 5, 2017

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှု အောင်မြင်

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှု အောင်မြင်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ နှလုံးခွဲစိတ်ကုသမှု အောင်မြင်ပြီး အခြေအနေကောင်း တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ်ကို ဒီနေ့မနက် ၇ နာရီက ရန်ကုန်၊ ရန်ကင်းကလေးဆေးရုံကြီးမှာ စတင်ခွဲစိတ်ကုသခဲ့ပြီး  မွန်းလွဲ ၁ နာရီခွဲမှာ အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ မွေးရာပါနှလုံးအဆို့ရှင် မလုံခြင်းနှင့်ဆိုင်သော သွေးကြောမကြီး ကြီးနေလို့ ခွဲစိတ်ကုသရတာ ဖြစ်ပါတယ်။

“၀န်ကြီးချုပ်၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ဆက်လက်ခံယူလျက်ရှိပါသည်။” လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ကို UK နိုင်ငံက  ပါမောက္ခအောင်ရဲဦး ဦးဆောင်တဲ့ ဆရာဝန်တွေက ခွဲစိတ်ကုသပေးခဲ့ကြတာဖြစ်ပြီး ခွဲစိတ်ကုသမှု အောင်မြင်စေဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကော်မတီအသီးသီးဖွဲ့ပြီး စနစ်တကျ ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

DVB

No comments:

Post a Comment