Latest News

Thursday, March 30, 2017

သစ်တောကြိုးဝိုင်း အတွင်းဆင်ခိုးဂိုဏ်း ဖမ်းမိ

သစ်တောကြိုးဝိုင်း အတွင်းဆင်ခိုးဂိုဏ်း ဖမ်းမိ





၂၈.၃.၂၀၁၇ ရက်နေ့ ၂၃၃၀ အချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သစ်တောဦးစီးဌာန၊ ကျုံကူးဘိ နယ်တာဝန်ခံ တောအုပ် ဦးတင်နိုင်သည် မဲခရဲသစ်တောကြိုးဝိုင်းအတွင်းဆင်ခိုးဂိုဏ်းများ ရောက်ရှိနေကြောင်း သတင်းအရ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်စိုးပါ(၆)ဦး၊ ကျုံကူးနယ်မြေရဲစခန်းမှူး ရဲအုပ် မောင်မောင်သန်း ဦးစီး(၁+၃)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲခွဲ(၁)မှ ရဲအရာခံ လှတင် ပါ(၅)ဦးနှင့် ညောင်ဝိုင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းစုံစမ်းနေစဉ် (၁၂)မိုင် ကျေးရွာအနီး တောင်ကြောနေရာအရောက်၌ ဆင်သေကောင်အား လူအချို့ဝိုင်းဖျက်နေသည်ကို တွေ့ရှိရ၍ ၀င်ရောက်ဖမ်းဆီးစဉ် ၄င်းအဖွဲ့မှာထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မဲခရဲသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၉၄)အရောက်၌ အယ်ကလယ်တော(ခ)ကျားလေး (၁၅)နှစ်၊ (ဘ)ဦးနိုအီ၊ ပျဉ်းမချောင်း ကျေးရွာ၊ ငပုတောမြို့နယ်နေသူနှင့် တစ်ရွာတည်းနေသူများဖြစ်သော ဇော်သိန်းလေး(ခ)ပြူးကျယ်၊ (၃၁)နှစ်၊ (ဘ)ဦးကြောင်သန်း၊ မောင်မောင်(၃၇)နှစ်၊ (ဘ)ဦးအောင်လေးရွှေ တို့(၃)ဦးအား ဖမ်းဆီးရမိသဖြင့် စစ်ဆေးမေးမြန်ရာ အယ်ကလယ်တော(ခ)ကျားလေး၏ ဖခင်ဖြစ်သူ နိုအီ (၃၉)နှစ်၊ (ဘ)ဦးစိုင်းဖေနှင့် ချင်းလူမျိုး (၄)ဦးတို့မှ အလျား(၈)ပေ၊ အမြင့်(၇)ပေ၊ အသက်(၃၀)နှစ်ခန့်ရှိ ဟိုင်းဆင်မ(၁)ကောင်အား သတ်ဖြတ်ကာ ၄င်းတို့(၃)ဦးမှ ဆင်သေအား ၀ိုင်းဖျက်ပေးခဲ့ကြောင်း သိရှိရပြီး ၄င်းတို့ထံမှ ဆင်သားအစိမ်းထုပ်(၂)ထုပ်၊ အလေးချိန်(၅၁)ပိဿခန့်၊ ဆင်နားရွက်(၂)ခု၊ အလေးချိန်(၃)ပိဿခန့်၊ ဆင်နှာမောင်း(၁)ခု၊ အလေးချိန် (၂၀)ပိဿခန့်၊ အနက်ရောင်ခေါက်ဓါတ်မီး(၁)လုံး၊ ယမ်းမှုန့်များထည့်ထားသော အဖြူရောင်ကော်ဗူး (၁)ဗူး၊ ယမ်းမှုန့်နှင့်ဆက်စပ်ပစ္စည်းများထည့်ထားသော အစိမ်းရောင်ကော်ဗူး(၁)ဗူး၊ သံဘောစေ့အသေး(၄)လုံးထည့် ထားသည့် အဖြူရောင်ကော်ဗူး(၁)ဗူး၊ အနက်ရောင်မီးတိတ်(၁)ခွေ၊ အစိမ်းရောင်ဘေးလွယ်အိတ်(၁)လုံး၊ အဖြူရောင်ဘေးလွယ်အိတ်(၁)လုံး၊ သစ်သားလေးခွ(၁)လက်၊ လောက်စာလုံး(၅)လုံး၊ ၀၉၄၅၉၈၁၂၇၅၂ ဆင်းကဒ်ပါ Huawei အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံး၊ ၀၉၄၄၂၅၁၈၂၀၀ ဆင်းကဒ်ပါ Coolpad အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အား တွေ့ရှိသဖြင့် သက်သေများနှင့်အတူသိမ်းဆည်းခဲ့ပြီး တောဆင်ရိုင်းအား သတ်ဖြတ်သူ အယ်ကလယ်တော(ခ)ကျားလေးပါ(၈)ဦးအား ကျုံကူးနယ်မြေရဲစခန်း (ပ)၈/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး

No comments:

Post a Comment