Latest News

Monday, March 6, 2017

ကမ္ဘာ့အချမ်းသာဆုံး နည်းပညာလုပ်ငန်းရှင် ၁၀ ဦး (၁)

ကမ္ဘာ့အချမ်းသာဆုံး နည်းပညာလုပ်ငန်းရှင် ၁၀ ဦး (၁)

Business Insider နဲ့ Wealth-X တို့ မှ ထုတ်ပြန်တဲ့ စာရင်းဖြစ်ပါတယ်။

ကမ္ဘာပေါ်က အချမ်းသာဆုံး နည်းပညာလုပ်ငန်းရှင် ဘီလျံနာဆယ်ဦးမှာ လေးဦးဟာ ကောလိပ်ကျောင်းကနေ တစ်ဝက်တစ်ပျက်နဲ့ ထွက်လာခဲ့ရသူတွေ ဖြစ်နေပါတယ်။ ဒီစာရင်းမှာ အနည်းဆုံး ၁၈ ဘီလျံကျော်ကနေ ၈၅ ဘီလျံကျော်အထိ ချမ်းသာကြတဲ့ ကမ္ဘာ့အချမ်းသာဆုံးနည်းပညာသူဌေးကြီးများ ပါဝင်နေပါတယ်။ ဒီပုဂ္ဂိုလ်ကြီးများရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နည်းပညာလုပ်ငန်းရှင် ၁၀ ဦးထဲမှာ ဒသမမြောက် သူဌေးကြီးကတော့ အသက် ၄၄ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ တရုတ်ပြည်မှ ပိုနီမား ဖြစ်ပါတယ်။နာမည်ရင်း မာဟွာတန်လို့ ခေါ်တဲ့ ဒီသူဌေးကြီးဟာ Tencent ကို ကောလိပ်ကသူငယ်ချင်းများနဲ့ စပြီး လုပ်ငန်းစတင်ခဲ့ပါတယ်။ Tencent ရဲ့ အဓိက ထုတ်ကုန်ကတော့ QQ လို့ အမည်ရတဲ့ တရုတ်ပြည်မှ စာပို့ ဝန်ဆောင်မှု ဖြစ်ပြီး အွန်လိုင်း မက်ဆေ့စနစ်မှာ စံထားလောက်တဲ့ messaging service ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ Tencent ဟာ အကြီးအကျယ် လုပ်ငန်းချဲ့ ထွင်လာပြီးနောက် စီးပွားရေး လုပ်ငန်းအမျိုးမျိုးမှာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။ Tencent Holdings ရဲ့ မြှပ်နှံမှုများထဲမှာ တေးဂီတဖြန့် ဖြူးရေးကနေ Riot Games တို့ လို ဗွီဒီယိုဂိမ်းစတူဒီယိုများအထိ ပါဝင်နေပါတယ်။ Tencent ရဲ့ လက်အောက်မှာ ကမ္ဘာ့လူကြိုက်အများဆုံး နာမည်ကြီး ဂိမ်းဖြစ်တဲ့ League of Legends ကို ဖန်တီးခဲ့ပါတယ်။ ပိုနီမားဟာ ဒေါ်လာ ၁၈.၂ ဘီလျံ ကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။

(၉) Michael Dell

ဒေါ်လာ ၁၈.၉ ဘီလျံ အထိ ချမ်းသာတဲ့ မိုက်ကယ်ဒဲလ်ကို မသိရင်တောင် သူ့ ရဲ့ နာမည်ပါတဲ့ Dell တံဆိပ်လက်ပ်တော့ကိုတော့ သိတဲ့လူ များပါတယ်။ ကမ္ဘာသိ ထုတ်ကုန် Dell ကို ထုတ်လုပ်ခဲ့တဲ့ မိုက်ကယ်ဒဲလ်ဟာ အမေရိကန်ပြည်ထောင်စု သြစတင်ပြည်နယ်မှာရှိတဲ့ တက္ကဆက်တက္ကသိုလ်ဆေးကောလိပ် ဝင်ခွင့်သင်တန်းတက်နေစဉ် ကျောင်းသားဘဝ ၁၉၈၄ ခုနှစ်မှာ Dell အမှတ်တံဆိပ်ရဲ့ ရှေ့ ဆောင် PC Ltd ဆိုတဲ့နာမည်နဲ့ ကုမ္ပဏီတစ်ခုကို စတင် တည်ထောင်ခဲ့ပါတယ်။ မကြာခင်မှာ ကုမ္ပဏီကို အချိန်အပြည့်အဝပေးနိုင်ဖို့ ကျောင်းကနေ နှုတ်ထွက်ခဲ့ပြီး နည်းပညာလောကထဲကို ခြေစုံပစ် ဝင်လာခဲ့ပါတယ်။ ဒိနောက်မှာ ကုမ္ပဏီဟာ အမေရိကန်မှာ တိုးတက်မှု အမြန်ဆုံး ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။
ထိုစဉ်က သူ့ အသက် ၂၃ နှစ်အရွယ် သာ ရှိသေးပေမယ့် ကုမ္ပဏီဟာ အများပိုင်ပြောင်းလိုက်ပြီး ဒေါ်လာ သန်း ၃၀ အထိ ဝင်ငွေတိုးတက်ခဲ့သလို Dell ရဲ့ သီးသန့် ရှယ်ယာ သက်သက်ကိုပဲ ဒေါ်လာ ၁၈ သန်းတန်ကြေးရှိလာခဲ့ပါတယ်။
မကြာခင်မှာ ကုမ္ပဏီကို သူ့ ရဲ့ နာမည်ကို အဖျားဆွတ်ပြီး Dell လို့ အမည်ပေးလိုက်ပါတယ်။ အခုဆို Dell ဟာ နိုင်ငံများစွာမှာ ဝန်ထမ်းပေါင်း ၁၀၀၀၀၀ ကျော် ခန့် အပ်ထားပြီး တက္ကဆက်မှာဆိုရင် AT&T ပြီးရင် မီးခိုးမထွက်တဲ့ ဒုတိယအကြီးဆုံးကုမ္ပဏီကြီး ဖြစ်လာပါတယ်။
(၈) Steve Ballmer


အသက် ၅၉ နှစ် ရှိပြီ ဖြစ်တဲ့ အမေရိကန်လူမျိုး စတိဗ်ဘောမားဟာ ဒေါ်လာ ၂၇ ဘီလျံချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ စတန်းဖို့ ဒ်မှ စီးပွားရေးကျောင်းတက်နေရင် ကျောင်းကနေ ထွက်ပြီး ဟားဗတ်ဒ်မှ သူငယ်ချင်းဖြစ်သူ ဘီလ်ဂိတ်စ်နဲ့ ပေါင်းပြီး Microsoft မှာ စီးပွားရေး မန်နေဂျာအဖြစ် စပြီး အလုပ်ဝင်ပါတယ်။ ဒီတုန်းက လစာက ဒေါ်လာ ၅၀၀၀၀ ရခဲ့ပြီး ကုမ္ပဏီရဲ့ ရှယ်ယာဝင်ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးမန်နေဂျာရာထူးကနေ Microsoft ရဲ့ CEO ဖြစ်လာပါတယ်။ Microsoft ကနေ ထွက်လာပြီးနောက်လည်း သူ့ ရဲ့ ရှယ်ယာတန်ကြေးဟာ နင့်နေအောင်ရထားတာ ဖြစ်လို့ ဝန်ထမ်းဘဝနဲ့ ချမ်းသာတဲ့ ဒုတိယမြောက် သူဌေးတစ်ဦဖြစ်ပါတယ်။
ဒီနေ့ မှာတော့ သူဟာ Microsoft နဲ့ မသက်ဆိုင်တော့ပါဘူး။ ဘက်စကတ်ဘော ဝါသနာကြီးလှတဲ့ ဒီသူဌေးကြီးဟာ ၂၀၁၄ ခုနှစ်ထဲမှာ အမေရိကန်ဘက်စကတ်ဘောအသင်း LA Clippers ကို ဒေါ်လာ ၂ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။
(၇) Jack Ma


တရုတ်ပြည်မှ ဂျက်ဖ်ဘီဇော့စ်လို့ တင်စားခံရတဲ့ ဂျက်မားဟာ ဒေါ်လာ ၂၆.၃ ဘီလျံချမ်းသာသူ ဖြစ်ပြီး အမေရိကန်မှ Amazon အွန်လိုင်းစတိုးလိုမျိုး Alibaba လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့သူ ပိုင်ရှင်သူဌေးတစ်ဦး ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ထဲမှာ ကုမ္ပဏီကို အများပိုင်ပြောင်းလိုက်ပြီးနောက် ၂၅ ဘီလျံနဲ့ ကမ္ဘာ့အကြီးဆုံး စတော့ဈေးကွက်ကြီး ဖြစ်သွားပါတယ်။ ဂျက်မားဟာ ပိုနီမားနဲ့ နောက်ဆုံးနာမည်ချင်း တူနေပေမယ့် သူတို့ နှစ်ဦးက ဘာမှ တော်တာ မဟုတ်ပါဘူး။ Forbes မဂ္ဂဇင်းရဲ့ ခန့် မှန်းချက်အရ ဂျက်မားဟာ ဒေါ်လာ ၂၉ ဘီလျံနီးပါး ချမ်းသာနေပြီ ဖြစ်ပြီး Alibaba မှာ ၇.၈% ဟာ သူ့ ရဲ့ ရှယ်ယာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်မြောက်မှ ဝင်ခွင့်ရခဲ့တဲ့ ဂျက်မားဟာ KFC အပါအဝင် အလုပ်ပေါင်း တစ်ဒါဇင်ကျော်ရဲ့ အငြင်းပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကို လျှောက်ထားရာမှာ ၁၀ ကြိမ်အထိ ပယ်ချခံခဲ့ပါတယ်။ ဟန်ရှိုးပြည်နယ်သား ဂျက်မားဟာ ၁၉၈၈ ခုနှစ်မှာ ဘွဲ့ ရပြီးနောက် ဒေသတွင်း တက္ကသိုလ်တစ်ခုမှာ တစ်လ ၁၂ ဒေါ်လာနဲ့ အင်္ဂလိပ်စာပြ ဆရာလေးဘဝကို ဖြတ်သန်းခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ အမေရိကန်သွားတဲ့ ခရီးစဉ်ကျမှ အင်တာနက်ဆိုတာကို စတွေ့ ထိခဲ့ရတဲ့ ဂျက်မားဟာ အွန်လိုင်းမှာ Beer လို့ ရှာလိုက်ရာကနေ တရုတ်ဘီယာကို ရှာမတွေ့ ခဲ့ခြင်းကြောင့် တရုတ်ပြည်အတွက် အင်တာနက်ကုမ္ပဏီတစ်ခုတော့ လိုအပ်နေပြီလို့ သဘောပေါက်ခဲ့ပါတယ်။ ၉၉ ခုနှစ်မှာ သူ့ သူငယ်ချင်း၁၇ ယောက်ကို သူ့ ရဲ့ Alibaba မှာ ရင်းနှီးမြှပ်နှံဖို့ စည်းရုံးပြီးလုပ်ငန်းစတင်ခဲ့ပါတယ်။
(၆) Sergey Brin


အသက် ၄၂ နှစ်ပဲ ရှိသေးတဲ့ ဆာဂီဘရင်ဟာ လူသိနည်းတဲ့ Google သူဌေးတစ်ဦး ဖြစ်ပြီး အသားတင် ဒေါ်လာ ၄၁.၆ ဘီလျံကြွယ်ဝသူ ဖြစ်ပါတယ်။  ၁၉၉၈ ခုနှစ်မှာ Google ကို ပူးတွဲတည်ထောင်ခဲ့ပြီး ဆာဂီနဲ့ လယ်ရီပေ့ခ်ျဟာ စတန်းဖို့ ဒ်မှာ ကျောင်းတက်ရင်း တွေ့ ဆုံခဲ့ကြတာပါ။ Google ကတော့ နှစ်ပေါင်းများစွာအကြာမှာ ပြောင်းလဲသွားပေမယ့် ကုမ္ပဏီနဲ့ သူ့ ရဲ့ ထုတ်ကုန်တော်တော်များများဟာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ခန့် ၉၀ ပြည့်လွန်နှစ်များဆီက ဆာရီနဲ့ လယ်ရီပေ့ခ်ျတို့ ဖန်တီးခဲ့တဲ့ Google Search Engine ပေါ်ကနေ အခြေခံပြီး ဖြစ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ချိန်ခါမှာတော့ ဘရင်ဟာ Google ကနေ ဝယ်ထားတဲ့ Alphabet ကို စီမံကိုင်တွယ်နေပြီး ဒေသတွင်းလူ့ အဖွဲ့ အစည်းများအတွက် မိုးပျံပူဖောင်းသုံးပြီး ဝိုင်ဖိုင် အင်တာနက်လွှင့်တင်နေတဲ့ moonshot ဆိုတဲ့ ပရောဂျက်များကို ဦးဆောင် နေပါတယ်။

Duwun

No comments:

Post a Comment