Latest News

Tuesday, March 14, 2017

လောက်ကိုင်တွင်တိုက်ပွဲပေါင်း ၄၈ ကြိမ်ဖြစ်ပွား တပ်မတော်အရာရှိစစ်သည်အချို့သေဆုံးဒဏ်ရာရ

လောက်ကိုင်တွင်တိုက်ပွဲပေါင်း ၄၈ ကြိမ်ဖြစ်ပွား တပ်မတော်အရာရှိစစ်သည်အချို့သေဆုံးဒဏ်ရာရ

လောက်ကိုင်ဒေသမှာ ပြီးခဲ့တဲ့ မတ် ၆ ရက်ကနေ ၁၂ ရက်အထိ တပ်မတော်စစ်ကြောင်းတွေနဲ့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ကြီး/ငယ် စုစုပေါင်း ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော် အရာရှိ၊ စစ်သည်အချို့ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

လောက်ကိုင်ဒေသအတွင်း  အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အများပြည်သူပိုင် အဆောက်အဦတွေ  ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သား ၃၂၀ ဦး ပြန်ပေးဆွဲ လူသစ်စုဆောင်းခံခဲ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင်  အရပ်သားပြည်သူ  ၅ ဦးနဲ့ ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး သေဆုံးခဲ့ရပြီး ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦး ဓားစာခံအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

DVB

No comments:

Post a Comment