Latest News

Wednesday, March 29, 2017

တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းထဲက ဂယက် (မျိုးမင်းပိုင်)


"ဆယ်နှစ် သာသာဆေးသုံးတဲ့ ကလေးတွေ တွေ့လာတယ်။
ဆယ်လေးငါးနှစ်သာသာ ညငှက်ကလေးတွေ ကိုမြင်လာတယ်။ "လို့  မအူပင် ဒေသခံ တစ်ဦးကပြောပါ
တယ် ။
ဟုတ်ပါတယ် တစ်ခြားမြို့ တွေမှာလည်း ထိုနည်းတူ တွေ ရှိတာကို ငြင်းလို့ မရပါဘူး။
ဂလို လိုက်ဇေးရှင်းဆိုတာနဲ့ အမျှလူတိုင်းလက်ထဲမှာ ဖုန်းတွေတွေ မြင်ရလာပါတယ်။
ဖုန်းက ဆက်သွယ်ရေးစနစ်တစ်ခုဆိုတာထက်ကို အသုံးများလာတာကတော့ ဖေ့စ်ဘွတ် အပြင်တစ်ခြား
ဆိုရှယ်နက်ဝက်တွေ အဖြစ်အသုံးပြုကြတာပါ။
ကျွန်တော် ကျေးလက်ဒေသတွေရောက်တော့ ရွာတော်တော်များမှာကြားရတာက VIBER ကနေ တွေ့ ပြီး သူမိန်းမထားပြီးလိုက်သွားတာတို့  ဖေစ်ဘွတ်ကတွေ့ ပြီး ယူလိုက်ကြတယ်ဆိုတဲ့  စကားတွေပါပဲ ။
ယခင်ကထက်ပွင့်လင်းလာသလို ဆက်သွယ်ရေးလမ်းတွေကောင်းလာတာလည်း အားလုံးအမြင်ပါပဲ။
တစ်လောကဆို ကတ္တရာကို ဘယ်လို ခင်းထားတာဆိုပြီး တိုင်းဒေသကြီးတစ်ခုနဲ့ တစ်ခုတောင်
လူမှုကွန်ယက်ပေါ်မှာပြိုင်ဆိုင်နေကြသေးပါတယ်။
"လမ်းတွေကောင်းလာတယ်။ဒါပေမယ့် တစ်အိမ်နဲ့တစ်အိမ် တစ်ယောက်နဲ့တစ်ယောက် ပိုဝေးလာကြ
တယ်။ တိုက်တွေမြင့်လာတယ် စိတ်ဓါတ်တွေ အဝီစိနားထိ ဆင်းသွားတယ်"လို့  ကိုထိုက်ကတော့
သူ့ အမြင်ကိုပြောပါတယ်။
ဒီလိုပဲ ဘာသာရေးတရားပွဲတွေကများလာပေမဲ့  မတရားမှု တွေက ခပ်စိတ်စိတ် ကြားနေရတော့
တရားဆိုတာကိုပင် ရှာရဖို့ ခက်ရပြန်ပါတယ်။
ကိုထိုက်ကတော့ "တရားပွဲတွေ များလာတယ်...မတရားမှုတွေ နေ့တိုင်းကြားနေရတယ်"ဆိုပြီး
"မိန်းမ ဦးရေပိုများလာတယ်...ဒါပေမယ့် သူများမယား ကြာခိုတဲ့ကောင်တွေပိုများလာတယ်"လို့ လည်း
ဆက်ပြောပါတယ်။
အမျိုးသမီးဦးရေကတော့ သန်းခေါင်စာရင်းထဲမှာကို ၅၁သန်းရှိတဲ့လူဦးရေထဲမှာ တစ်ဝက်ကျော်ကိုက
အမျိုးသမီးတွေပဲဆိုတာကြောင့် ငြင်းဖို့ မလိုသလို  ကြာခိုတတ်တဲ့  အမျိုးသားတွေရှိနေမယ်ဆိုတာလည်း
မငြင်းသာပါဘူး ။

...ကိုထိုက်ကတော့ စိတ်ပျက်နေပုံရတယ်။
"ငါလည်း မတတ်နိုင်သလို ဘယ်သူကရော တတ်နိုင်မှာလည်း" တဲ့။
မေးစရာရှိတာက တိုးတက်လာတာတဲ့လား???

ခေတ်ကြီးမှာ.................
အထက်ပါအချက်လက်တွေပါရှိနေပါတယ်ခင်ဗျ ………လူကြီးမင်းများ

No comments:

Post a Comment