Latest News

Tuesday, March 28, 2017

မွေးရပ်မြေ မာန်အောင်မှာ မိဘနှစ်ပါးအတွက် အလှူပြုလုပ်ပေးမယ့် သားငယ်

မွေးရပ်မြေ မာန်အောင်မှာ မိဘနှစ်ပါးအတွက် အလှူပြုလုပ်ပေးမယ့် သားငယ်

ရန်ကုန်၊ မတ် ၂၇

ပရိသတ်တွေရဲ့ အားပေးမှုရခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 ရဲ့ Winner ဆုရှင် သားငယ်က မွေးရပ်မြေ၊ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မိဘနှစ်ပါးအတွက် ရည်စူးပြီး အလှူသွားလုပ်ပေးမှာဖြစ်ကြောင်း သူ့ရဲ့ Facebook Account မှာ ရေးသား ဖော်ပြထားပါတယ်။

“ရခိုင်တစ်ပြည်နယ်လုံးကို လာချင်ပေမယ့် သင်္ကြန်အတွက် ပြင်ဆင်စရာလေးတွေနဲ့ လက်ခံထားပြီးသား ပွဲလေးတွေရှိလို့၊ မွေးရပ်မြေ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာပဲ ကွယ်လွန်သွားတဲ့ ကျွန်တော့် မိဘနှစ်ပါးအတွက် ရည်စူးပြီး အလှူလုပ်ပေးရင်း ကျွန်တော်ချစ်ရတဲ့သူ အားလုံးနဲ့လည်း ပရဟိတ တစ်ခုခုလုပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်”လို့ သားငယ်က ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ တခြားမြို့တွေကိုတော့ လောလောဆယ် မလာနိုင်တာကို ခွင့်လွှတ် နားလည်ပေးဖို့ မေတ္တာရပ်ခံလိုပြီး၊ သင်္ကြန်ပွဲတော် အပြီးမှာတော့ အချိန်ရရင်ရသလို အားလုံးနဲ့တွေ့ဆုံဖို့ စီစဉ်သွားမှာဖြစ်ကြောင်း သားငယ်က သူ့ရဲ့ Facebook Account မှာ ရေးသားထားပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 ရဲ့ Winner ဆုရှင်ဖြစ်တဲ့ သားငယ်က ဆုကြေး ငွေကျပ် သိန်း ၄၀ဝ၊ Ford ကားသစ်တစ်စီး၊ MPT မှ ချီးမြှင့်တဲ့ ငွေကျပ်တစ်သန်းတန်ဖိုးရှိ ဖုန်းပြောဆိုခွင့်နှင့် နံပါတ်အလှ ဖုန်းဆင်းမ်ကတ်၊ သန်လျင်မြို့နယ်ရှိ Star City အိမ်ရာမှာ သုံးလ အခမဲ့နေထိုင်ခွင့်၊ Maybelline အလှကုန်တစ်နှစ်စာ၊ Huawei  GR5 2017 ဖုန်းနဲ့ ရွှေဒင်္ဂါးပြား၊ တစ်ကိုယ်တော် အယ်လ်ဘမ် ထုတ်ဝေခွင့်တို့ကို ရရှိခဲ့ပါတယ်။

The Voice

No comments:

Post a Comment