Latest News

Sunday, March 12, 2017

အောင်သန်းဦး သို့မဟုတ် အရိုင်း ၅၇ နှစ်ပြည့်မွေးနေ့

မနက်ဖြန် ဆို သူ့အသက် ၅၇ နှစ်ပြည့်ပြီ။

ခုချိန်ထိ အနုပညာ လမ်းပေါ် မမောမပန်း လျောက်လှမ်းနေဆဲ။

ကျွန်တော် နဲ့ သူ ခင်မင်ရင်းနှီးခဲ့တာ ၃၄ နှစ်ကျော်ပြီ။

တော်ရုံသံယောဇဉ် နဲ့ ဒီလောက် ရှည်ကြာတဲ့ခရီးတစ်ခုကိုလျောက်ခဲ့ကြတာမဟုတ်ဘူး။

ကျွန်တော်က အငယ်၊ဒါပေမဲ့ ဆိုးတယ်။သူက သည်းခံတယ်။ ကျွန်တော့ ဒဏ် ကို သူ အခံရဆုံး။၁၉၉၀ ကျွန်တော် နဲ့ တူတူ ထောင် ထဲ ထိ သူလိုက်လာတယ်။

ထိုင်းနယ်စပ် ကျောင်းသားတွေ နဲ့ တူတူ တောခိုရာနောက် ကောက်ကောက်ပါခဲ့ဘူးတယ်။

သူ့ ရဲ့ အကောင်းဆုံး စိတ် က ဘယ်သူ့ကိုမှ အပြစ် မမြင်ခြင်းပဲ။သည်းခံတာထက်ပိုတယ်။

သူဟာ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သလို၊ ဖခင် ကောင်းလဲ ဖြစ်ပြန်တယ်။

သူ့နာမယ် အောင်သန်းဦး သို့မဟုတ် အရိုင်း။

ဒါပေမဲ့ ရည်မွန်တယ်။
Maung Thura


No comments:

Post a Comment