Latest News

Friday, March 10, 2017

ချစ်စနိုးဦးရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်

ချစ်စနိုးဦးရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်

ပွဲတက်ဝတ်စုံတွေကို ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး ကောင်းတယ်လို့ သူမက မြင်ပါတယ်။

သရုပ်ဆောင် အဆိုတော် ချစ်စနိုးဦးကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ရောက်ဖြစ်မှာပါ။ အကယ်ဒမီပွဲတက်ဝတ်စုံကိုတော့ ခဲရောင်နဲ့ ပန်းရောင်လေးရွေးထားပြီး ဒီဇိုင်နာမေမြတ်ဝါဆိုက တာဝန်ယူချုပ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွှေတိဂုံ ဘုရားကြီးကို နောက်ခံထားပြီး ကျင်းပမယ့် အကယ်ဒမီပေးပွဲအတွက် ရင်ခုန်နေတဲ့ သူမက အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ကန့်သတ်ထားလိုက်တဲ့အတွက်လည်း အရမ်းကောင်းတယ်လို့ သူမရဲ့ ထင်မြင်ချက်ကို ကုမုဒြာ ဂျာနယ်မှာ ပြောပြထားပါတယ်။ အကယ်ဒမီပေးပွဲမှာလည်း ဘယ်သူတွေ ရမလဲဆိုပြီး သူမက ရင်ခုန်နေပါတယ်။

ချစ်စနိုးဦးကတော့ လက်ရှိမှာ ပညာပေးဇာတ်လမ်းတိုတွေသာ ရိုက်ကူးဖြစ်နေပြီး နယ်ရှိုးပွဲတွေမှာ သီချင်းဆိုဖြစ်နေပါတယ်။ ပြီးတော့လည်း သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ခိုနားခွင့်ပေးပါ စီးရီးကို MTV ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲ့အခွေကိုလည်း ဒီနှစ်ထဲမှာ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။

ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို နားထားတာရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

Duwun

No comments:

Post a Comment