Latest News

Monday, March 13, 2017

ရှီရှားသောက်ခြင်းမှာ စီးကရက် သောက်ခြင်းထက် ပိုအန္တရာယ်များ

ရှီရှားသောက်ခြင်းမှာ စီးကရက် သောက်ခြင်းထက် ပိုအန္တရာယ်များ

အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကတွင် ယခင်ကပင် ရေပန်းစားသော ရှီရှားသောက်ခြင်းမှာ စီးကရက်သောက်ခြင်းထက် ပို၍ အန္တရာယ်ရှိနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ကျွမ်းကျင်သူ များက သတိပေးလိုက်သည်။

အနံ့အမျိုးမျိုးထည့်ထားသော ဆေးရွက်ကြီးကို အပူပေး၍ ရေ (သို့မဟုတ်) အရည်တစ်မျိုးမျိုးကို ဖြတ်သန်းစေ ပြီးမှ ရှူရှိုက်ရသော ရှီရှားဟုခေါ်သည့် ဆေးရွက်ကြီးသောက်သုံးမှုမှာ မကြာသေးမီနှစ်များအတွင်းက အမေရိ ကန်၊ ဥရောပနှင့် တောင်အမေရိကတို့သို့ ပျံ့နှံ့သွားခဲ့သည်။

ရှီရှားကို တစ်ရှိုက်စာရှူရှိုက်မှုမှာ စီးကရက်တစ်လိပ်လုံး ရှူ သောက်လိုက်သည့် ပမာဏနှင့် တူညီသလောက်
ဖြစ် သည်ဟု ကမ္ဘာ့ဆေးရွက်ကြီးညီလာခံတွင် WHO မှ ဆေးရွက်ကြီးကျွမ်းကျင်ပညာရှင် အက်ဒိုအက်တာ ဆန်က ပြောကြားသည်။
ရှီရှားကို ယခင်က အသက်အရွယ်ကြီးရင့်သော အမျိုးသား များသာ အဓိကသောက်ခဲ့ကြသော်လည်း မြို့ပြ များတွင်နေထိုင်ပြီး ပညာတတ်သော အသက်(၁၈) နှစ်နှင့် (၂၄)နှစ်ကြား လူငယ်များ သောက်သုံး မှုပိုများ လာကြောင်း WHO က ပြောသည်။

ဆေးရွက်ကြီးတွင် ထည့်ထားသော မွှေးပျံ့သည့် ရနံ့က သာမန်ဆေးရွက်ကြီး အရသာထက်ပိုမိုချောမွေ့ပြီး ပို၍လက်ခံနိုင်အောင် ဖန်တီးထားသောကြောင့် လူငယ်များကို ဆွဲဆောင်နေသည်ဟု ဘေရွတ်မြို့ အမေရိ ကန်တက္ကသိုလ်မှ ရောဂါဗေဒနှင့် ဆေးဝါးလေ့ လာရေးဌာနဥက္ကဋ္ဌ ဂါဇီဇာတာရီက ပြောသည်။

ရှီရှားကို သတ်မှတ်ချိန်တစ်ချိန်စာ ရှူရှိုက်မှုမှာ စီးကရက်အ လိပ် ၂၀ မှ ၃၀ အထိ တစ်ထိုင်တည်းသောက် သုံးမှုနှင့် တူညီနိုင်သည်ဟု ပညာရှင်အက်ဒိုအက်တာဆန်က ပြောသည်။ပျမ်းမျှတစ်နာရီမျှကြာသည့်အုပ်စု လိုက် ရှီရှားသောက်သုံးမှု များအတွင်း ပါဝင်သူများမှာ နီကိုတင်းဓာတ်ကြောင့် လျင်မြန်စွာ စွဲငြိသွားနိုင်သည့် အပြင် ဆေးရွက်ကြီးကို အပူပေးရန်သုံးသော မီးသွေးမီးခိုးတွင် အဆိပ်များပါဝင်သည်။
အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများတွင် အသက်ရှူ လမ်းကြောင်းကို ထိခိုက်ခြင်း၊ နှလုံးသွေးကြော စနစ်ကို ထိခိုက်ခြင်း နှင့် ခံတွင်းလုပ်ဆောင်ချက်နှင့် သွားများကို ထိခိုက်ခြင်းတို့ ပါဝင်သည်ဟု WHO က ပြောသည်။

7Day News Journal

No comments:

Post a Comment