Latest News

Thursday, March 9, 2017

အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်လေးမျိုး ကျရောက်နိုင်တယ်လို့ ဒေါက်တာထွန်းလွင် သတိပေး

အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်လေးမျိုး ကျရောက်နိုင်တယ်လို့ ဒေါက်တာထွန်းလွင် သတိပေး



ဒီနှစ်နွေရာသီမှာ အပူချိန်လွန်ကဲနိုင်လို့ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်လေးမျိုး ကျရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုလိုက်ပါတယ်။

၂ဝ၁၇ ခုနှစ်ရဲ့နွေရာသီအပူချိန်က ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်နဲ့ ၂ဝ၁၆ ခုနှစ်တွေလောက် အပူပြင်းနိုင်တော့ပေမယ့် ပုံမှန်နွေထက် ပိုမိုပူနိုင်ပြီး မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄ဝ ကနေ ၄၃ ဒီဂရီစင်တီဂရိတ်အထိနဲ့ အောက်ပိုင်းဒေသတွေမှာ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

နွေရာသီကာလမှာ နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်တာတွေ၊ အပူချိန်စံချိန်တင် မြင့်တက်တာတွေမရှိပေမယ့် အမြင့်ပိုင်း အပူချိန်တွေက နေ့စဉ်ရက်ဆက် အချိန်ကြာကြာကျရောက်နေလို့ အပူဒဏ်(Heat Stress) ခံစားရတာတွေ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

''အခုနွေလည်း ပူဦးမယ်။ ကမ္ဘာကြီး ပိုပူလာနေတာ ပြောတာပေါ့။ တစ်နှစ်ထက်တစ်နှစ် ပိုပူနေတယ်။ အပူရှိန်ကြောင့် အပူလျှပ်ရောဂါ၊ ချွေးထွက်လွန်ရောဂါ၊ ဗိုင်းရပ်စ်ကတော့ဇီကာ ဒါတွေဖြစ်နိုင်တာပေါ့။ သတိထားသင့်တယ်''လို့ ဦးထွန်းလွင်က ပြောပါတယ်။

ဒါ့အပြင် လေထုထဲမှာ ရေငွေ့တွေ ရောနှောပါဝင်လာလို့ ခန္ဓာကိုယ်မှာ ခံစားရတဲ့ အပူလေအပူရှိန်သာမက ရေငွေ့အပူရှိန်ပါ ပေါင်းစပ်လာနိုင်လို့ လူတွေခံနိုင်တဲ့ အပူရှိန်ကိုကျော်လွန်တဲ့ အပူဒဏ်ကိုခံစားရတာနဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း(Ultra-Violet Index) မြင့်မားတာတွေကို ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။

Source & Photos : Dr Tun Lwin

Search Myanmar

No comments:

Post a Comment