Latest News

Thursday, March 30, 2017

တရားခံပြေးဖြစ်သူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ် စုံစမ်းဆောင်ရွက်လျက်ရှိ

တရားခံပြေးဖြစ်သူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ် စုံစမ်းဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ မတ်  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် ယာဉ်မောင်း ကိုနေဝင်းတို့အား ကြည်လင်း(ခ)ဖိုးထူးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သူ တရားခံ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နေ အောင်ဝင်းခိုင်(၄၅)နှစ်မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပါသည်။ တရားခံပြေးဖြစ်သူ အောင်ဝင်းခိုင်၏ ကိုယ်ရေးအချက်အလက်များ ဖော်ပြထားရှိသော ပြစ်မှု၂၈/ရဲ ၆၂ ပုံစံအား တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များနှင့် မှုခင်းတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်များအထိ ပေးပို့ထားရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ခွဲစုံစမ်းဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိပါသည်။



တရားခံပြေးအား ဖမ်းဆီးရမိရေးနှင့် ပြည်ပထွက်ခွာမှုအား တားဆီးပေးနိုင်ပါရန် လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ အကြောင်းကြားထားရှိပြီး နယ်စပ်ဂိတ်များ မှလည်း ဝင်/ထွက်သွားလာမှု ရှိ/မရှိနှင့် ဖမ်းဆီးပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးနှင့် ဆက်သွယ်၍ တရားခံပြေး အောင်ဝင်းခိုင် အား ကူညီစုံစမ်းဖမ်းဆီးပေးရန်အတွက် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် စင်္ကာပူနိုင်ငံရဲတပ်ဖွဲ့တို့မှ ထပ်မံတောင်းခံလာသည့် အချက် အလက်များကို စုံစမ်းပြန်ကြားပေးခဲ့သည်။ သို့ဖြစ်၍ တရားခံပြေး အောင်ဝင်းခိုင် အား ဖမ်းဆီး ရမိရေးအတွက် မိမိတပ်ဖွဲ့အောက်ရှိ သက်ဆိုင်ရာနယ်မြေများအလိုက် ဖြန့်ကျက်စုံစမ်းလျက် ရှိကြောင်းနှင့် တရားပြေး အောင်ဝင်းခိုင်၏ ကိုယ်ရေးအချက်အလက်များအား ပူးတွဲထုတ်ပြန်အပ် ပါသည်။

 http://myanmarpoliceforce.org/mm/index.php?option=com_content&view=article&id=2904:2017-03-30-13-16-46&catid=109&Itemid=762   တွင်လည်း ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment