Latest News

Sunday, March 12, 2017

ကျောနာခြင်းက သင့်ကို သတိပေးနေတဲ့ အချက် (၅) ချက်

ကျောနာခြင်းက သင့်ကို သတိပေးနေတဲ့ အချက် (၅) ချက်

ကျောကုန်းအောင့်တာ၊ နာတာတွေဟာ လူတွေအဖြစ်များလေ့ရှိတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ကျောကုန်းနာကျင်မှုဟာ သင့်ခန္ဓာကိုယ် ပုံမှန်မဟုတ်မှုကို သတိပေးတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

၁ - စိတ်ဖိစီးမှုတွေ များနေတယ်
စိတ်ဖိစီးမှုတွေများတဲ့အခါ အကြောတွေတက်ပြီး ခန္ဓာကိုယ်မှာ ကိုက်ခဲနာကျင်တဲ့နေရာတွေပေါ်လာတာပါ။ ကျောနာခြင်း၊ အောင့်ခြင်းတွေကလည်း သင့်မှာ စိတ်ဖိစီးမှုများနေပြီဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ တစ်ချို့လူတွေမှာတော့ စိုးရိမ်စိတ်တွေများတဲ့အခါ ကျောကုန်းအောင့်တာမျိုး ဖြစ်တတ်ပါတယ်။ သင့်ကျောကုန်းနာတာဟာ စိတ်ဖိစီးမှုတွေကြောင့်လို့ သံသယရှိတယ်ဆိုရင်တော့ အလုပ်စားပွဲက ခဏထပြီး အသက်ဝဝရှုလိုက်ပါ။ လေ့ကျင့်ခန်း မိနစ်ပိုင်းလောက် လုပ်ပေးလိုက်ပါ။


၂ - ဖုန်းစွဲလမ်းနေပြီ
ခန္ဓာကိုယ်ကိုင်းပြီး ဖုန်းကို နာရီပေါင်းများစွာကြည့်နေတာဟာ သင့်ကျောကုန်းတွေကို နာကျင်စေပါတယ်။ ဖုန်းကို ကုန်းပြီး ကြည့်နေတဲ့အခါ ကျောရိုးမကြီးဟာ အလေးချိန်ဖိအား ပိုခံနေရပြီး ခန္ဓာကိုယ်အနေအထားပျက်ယွင်းကာ ကျောကုန်းနာကျင်တာတွေ  ဖြစ်တတ်ပါတယ်။ ဖုန်းမသုံးလို့ မရဘူးဆိုရင်လည်း ဖုန်းကြည့်တဲ့အခါ ခန္ဓာကိုယ်မကိုင်းဖို့ သတိထားပါ။

၃ - ထိုင်ပုံမှားယွင်းနေတယ်
ထိုင်ပုံမှားယွင်းနေတာဖြစ်ပါတယ်။ အလုပ်မှာ တစ်နေကုန်ထိုင်ရတဲ့အခါ ဒီလို ထိုင်ပုံမမှန်ခြင်းဟာ သင့်ကျောကုန်းပေါ် သက်ရောက်မှု များစွာ ရှိပါတယ်။ ထိုင်ပုံမမှန်တာကြောင့် ကျောကုန်းအောက်ဘက်တွေ ပိုမိုနာကျင်နေတတ်ပါတယ်။ ခြေနှစ်ဖက်လုံးဟာ ကြမ်းပြင်ကို ထိထားပြီး ကျောကုန်းကို မတ်မတ်ထားထိုင်သင့်တာ ဖြစ်ပါတယ်။


၎ - မီးဖွားပြီးခါစ
မီးဖွားပြီးခါစ မိခင်တွေမှာလည်း ကျောကုန်းနာတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တိုးလာတဲ့အလေးချိန်ကြောင့် မီးဖွားပြီးတဲ့အခါ ကျောကုန်းနာတာမျိုးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ မီးဖွားပြီးတဲ့အခါမှာ ကလေးကို ချီပိုးဂရုစိုက်ရတာတွေကလည်း သက်ရောက်မှုရှိပါတယ်။

၅ -ခန္ဓာကိုယ်ပုံမှန်မဟုတ်ဘူး
ခန္ဓာကိုယ် အနေအထား ပုံမှန်မဟုတ်တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်နေရာတစ်ခုမှာ ထိခိုက်ထားတာဟာ ကျောကုန်းကိုပါ လာရောက်သက်ရောက်တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပေါ့လို့မရတဲ့ ရောဂါကြီးတစ်ခုဖြစ်နေပြီဆိုရင်လည်း ကျောကုန်းနာကျင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

Photos & Source: Prevention

Duwun

No comments:

Post a Comment