Latest News

Saturday, March 4, 2017

မြောက်ဦး လေဆိပ် ဆောက်လုပ်ရေး တင်ဒါခေါ်မယ်

မြောက်ဦး လေဆိပ် ဆောက်လုပ်ရေး တင်ဒါခေါ်မယ်

ရခိုင်ပြည်နယ် မြောက်ဦး လေဆိပ် ဆောက်လုပ်ရေးအတွက် တင်တာခေါ်ယူမှာဖြစ်တယ်လို့ရခိုင်ပြည်နယ် စီမံ/ ဘဏ္ဍာ ၀န်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

မြောက်ဦးမြို့မှာ လေဆိပ် ဆောက်လုပ်ရေးအတွက် ၂၀၁၅ ခုနှစ်ကတည်းက စတင်တာဖြစ်ပြီး
ခန့်မှန်းကုန်ကျငွေ ၂၆ ဘီလျံကျပ် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ကို ၂ ဘီလျံကျပ်သာ
ဘတ်ဂျက်ချပေးတာဖြစ်လို့ လေဆိပ်ကို အပြီးသတ်ဖို့ ၁၀ နှစ်လောက်ကြာမှာဖြစ်တယ်လို့
ဆိုပါတယ်။  အခုလိုတင်ဒါပေးလိုက်ချိန်မှာ ၃ နှစ်အတွင်း ဆောက်လုပ်နိုင်မှာဖြစ်တယ်လို့ ဦးကျော်သိန်းအေးက ပြောပါတယ်။ လေဆိပ်ဆောက်လုပ်မယ့် နေရာဟာ ရှေ့ဟောင်းဘုရားများ တည်ရှိတဲ့ နေရာမှာမဟုတ်ဘဲ လွတ်လွတ်ကင်းကင်း နေရာမှာဖြစ်ပါတယ်။ မြောက်ဦးဒေသမှာ UNESO ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကမ္ဘာ့အမွေအနှစ်ဇုံ သတ်မှတ်နိုင်ငံဖို့ မြန်မာအစိုးရက ကြိုပမ်းနေတာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားရှိတဲ့ နေရာဖြစ်ပါတယ်။

မြောက်ဦး လေဆိပ်စီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကိုလည်း တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။
လတ်တလော လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ မြောက်ဦးကို ကမ္ဘာလှည့်ခရီးသွား တစ်နှစ်ကို
၎ ထောင်ခန့်သာ လာရောက်တာဖြစ်ပါတယ်။

Photo: Min Thein Aung/RFA

(ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်)

No comments:

Post a Comment