Latest News

Monday, March 13, 2017

နေအိမ်များအတွင်းဝင်ရောက်၍ ခိုးမှုများအကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီးထွက်ပြေး တိမ်းရှောင်နေသူ ရဲဘက်ပြေး(၁)ဦးအား ဖမ်းဆီးရမိအရေးယူ

နေအိမ်များအတွင်းဝင်ရောက်၍ ခိုးမှုများအကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီးထွက်ပြေး
တိမ်းရှောင်နေသူ ရဲဘက်ပြေး(၁)ဦးအား ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ မတ် ၁၄

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များအတွင်းက ဗဟန်းမြို့နယ်နှင့် ကမာရွတ်
မြို့နယ်များရှိ နေအိမ်များအတွင်းဝင်ရောက်၍ ခိုးမှုများအကြိမ်ကြိမ်ကျူးလွန်
ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ချစ်စုမ(ခ)ဆုအောင်(ခ)ပြည့်ဖြိုးအောင်(ခ)
စိုးအောင်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်မြတ်စိုး
ခေါင်းဆောင်သောရဲတပ်ဖွဲ့ဝင်များက ၁၈.၂.၂၀၁၇ ရက်နေ့ ၁၇၀၀ အချိန်
တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ ဖမ်းဆီးရမိခဲ့ကြောင်း
သိရှိရပါသည်။

၎င်းသည် ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်းက ညပိုင်းအချိန်တွင် ဗဟန်းမြို့နယ်၊
ရွှေတောင်ကြား(၁)ရပ်ကွက်၊ ရွှေတောင်ကြား ၁ လမ်းရှိ နေအိမ်အတွင်းသို့
ဝင်ရောက်၍ ၎င်းနေအိမ်ဒုတိယထပ်စာကြည့်ခန်းအတွင်းမှ Rolex လက်ပတ်
နာရီ ၁ လုံး၊ i phone 5s ၁ လုံး၊ အမေရိကန်ဒေါ်လာ ၂၀ တန်(၆)ရွက်နှင့်
ငွေကျပ် ၅၀၀၀၀ခန့်အား ၀င်ရောက်ခိုးယူခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)
၃၅၁/၂၀၁၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀အမှုအားလည်းကောင်း၊ အောက်တိုဘာ
အတွင်းက ညပိုင်းအချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်
လမ်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်၍ အိပ်ခန်းအတွင်းရှိ SAMSUNG
အမျိုးအစား Note Book(၁)လုံး၊ Dell အမျိုးအစား လက်ပ်တော့(၁)လုံး၊
Panasonic အမျိုးအစား ကင်မရာ(၁)လုံး၊ ကျောက်များစီခြယ်ထားသည့်
လော့ကက်သီးပါ ရွှေဆွဲကြိုး(၁)ကုံး၊ ယူရိုငွေ(၃၀)၊ ထိုင်းဘတ်ငွေ(၃၅၀၀)၊
စင်္ကာပူဒေါ်လာ(၅၀)၊ ငွေကျပ်(၁၀၀၀)တို့အားခိုးယူခဲ့သဖြင့် ကမာရွတ်မြို့မ
ရဲစခန်း(ပ)၄၄၆/၂၀၁၅၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀အမှုအားလည်းကောင်း၊
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက သံလွင်လမ်းရှိ နေအိမ်တစ်အိမ်
အတွင်းသို့ဝင်ရောက်၍ အိပ်ခန်းအတွင်းမှ ငွေကျပ်(၈၅၀၀၀၀)၊ နီလာ
ကျောက်နှင့် စိန်များစီခြယ်ထားသည့် နားကပ်(၁)ရံနှင့် လက်စွပ်(၁)ကွင်း
တို့အားခိုးယူခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၈၇/၂၀၁၆၊ ရာဇသတ်ကြီး
ပုဒ်မ-၃၈၀ အမှုအားလည်းကောင်း၊ မေလအတွင်းက ကမာရွတ်မြို့နယ်၊
တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်၍ Android Watch
နာရီ(၂)လုံး၊ GPS(၁)ခု၊ Hard Drive(၁)ခု၊ SAMSUNG Gearဖုန်း(၁)လုံး၊
HUAWEI လက်ကိုင်ဖုန်း(၁)လုံး၊ hp အမျိုးအစား လက်ပ်တော့(၁)လုံးနှင့်
DVD(၁)ချပ်တို့အားခိုးယူခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၂၄၈/၂၀၁၆၊
ရာဇသတ်ကြီး ပုဒ်မ-၃၈၀အမှုအားလည်းကောင်း၊ နိုဝင်ဘာလအတွင်းက
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ငွေဝတ်မှုံလမ်းရှိ နေအိမ်
တစ်အိမ်အတွင်းသို့ဝင်ရောက်၍ အိပ်ခန်းအတွင်းမှ SONY စာတမ်းပါ
အိတ်နှင့် လက်ပ်တော့(၁)လုံး၊ i Phone 6 plus(၁)လုံးနှင့် ငွေကျပ်(၅)သိန်း
တို့အားခိုးယူခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၃၆၄/၂၀၁၆၊ ရာဇသတ်ကြီး
ပုဒ်မ-၃၈၀အမှုအားလည်းကောင်း ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်
နေသူဖြစ်ကြောင်း သိရပါသည်။

ဖမ်းဆီးရမိသူ ချစ်စုမ(ခ)ဆုအောင်(ခ)ပြည့်ဖြိုးအောင်(ခ)စိုးအောင်အား
စစ်ဆေးရာ ၎င်းသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်းက ကမာရွတ်မြို့နယ်၊
သံလွင်လမ်းရှိနေအိမ်တစ်အိမ်အတွင်းသို့ ၀င်ရောက်၍ Lenovo အမျိုးအစား
လက်ပ်တော့(၁)လုံးအားလည်းကောင်း၊ အောက်တိုဘာလအတွင်းက
သံလွင်လမ်း၌ပင် နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ Mac Book air
(၁)လုံးနှင့် ရွှေရောင်နာရီ(၁)လုံးတို့အားလည်းကောင်းခိုးယူခဲ့ကြောင်း
ထပ်မံပ်ါပေါက်ခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၆၆/၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ-၃၈၀/၅၄ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းပြင် ချစ်စုမ(ခ)ဆုအောင်(ခ)ပြည့်ဖြိုးအောင်(ခ)စိုးအောင်သည် ၂၀၀၅
ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်များအတွင်းက လှိုင်မြို့နယ်၊
သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်များတွင် ခိုးမှုများ အကြိမ်ကြိမ်ကျူးလွန်
ခဲ့သဖြင့် ထောင်ဒဏ်များကျခံနေရစဉ် ၂၀.၃.၂၀၁၃ ရက်နေ့တွင် လှည်းကူး
မြို့နယ်၊ မင်းကုန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၎င်းကျူးလွန်ခဲ့သောအမှုများမှ ပါဆုံးခဲ့သည့် သက်သေခံပစ္စည်းများအား
ပြန်လည်သိမ်းဆည်းခဲ့ရာ i Phone 5s လက်ကိုင်ဖုန်း(၁)လုံး၊ SAMSUNG
Note Book (၁)လုံး၊ အရည်ကျိုထားသော ရွှေတုံး(၁)တုံး၊ နီလာ(၁)ပွင့်နှင့်
စိန်အသေး(၁၀)လုံး၊ ပစ္စည်းများပေါင်နှံရောင်းချထားသည့် ဘောက်ချာ(၁)ရွက်၊
နီလာနှင့်စိန်များစီခြယ်ထား သောနားကပ်(၁)ရံနှင့် လက်စွပ်(၁)ကွင်း၊ SONY
စာတမ်းပါအိတ်နှင့် လက်ပ်တော့(၁)လုံး၊ i Phone 6 Plus လက်ကိုင်ဖုန်း
(၁)လုံး၊ Android Watch အမျိုးအစား လက်ပတ်နာရီ(၁)လုံး၊ Mac Book air
(၁)လုံး၊ Lenovo လက်ပ်တော့(၁)လုံးနှင့် Emporio Armani ရွှေရောင်နာရီ
(၁)လုံးတို့အား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment