Latest News

Thursday, March 9, 2017

တယ်လီနောဆင်းမ်ကတ် မှတ်ပုံမတင်ရသေးတဲ့ သူတွေအတွက် နည်းလမ်းကိုးမျိုး

တယ်လီနောဆင်းမ်ကတ် မှတ်ပုံမတင်ရသေးတဲ့ သူတွေအတွက် နည်းလမ်းကိုးမျိုး


ရန်ကုန်၊ မတ် ၇ - ဆင်းမ်ကတ်မှတ်ပုံ မတင်ရသေးတဲ့ တယ်လီနောသုံးစွဲသူတွေအနေနဲ့ အောက်ပါနည်းလမ်းကိုးမျိုးနဲ့ မှတ်ပုံတင်နိုင်ပါတယ်။

မှတ်ပုံတင်ဖို့အတွက် တယ်လီဖုန်းနံပါတ်နဲ့ အတူ အသိအမှတ်ပြု သက်သေခံကတ်ပြား(နိုင်ငံသား စိစစ်ရေးကတ်) ကြည်လင်ပြတ်သားတဲ့ အရှေ့နဲ့ အနောက်ဓာတ်ပုံ တို့ကို ပေးပို့ ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်နိုင်ဖို့ နည်းလမ်းတွေကတော့ နံပါတ် (၁) ဝက်ဘ်ဆိုက်- http://ecaf. telenor. com. mm မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၂) -မိုဘိုင်းလ် အပလီကေးရှင်းကနေ အန်းဒရွိုက် ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ My Telenor  အက်ပ်ကို http:// bit.ly/ mytelenor 24 မှာ ဒေါင်းလုပ်ဒ်ရယူမှတ်ပုံတင်နိုင်ပါတယ်။
နံပါတ်(၃) face book Messenger – https://www.face book.com/Telenor Myanmar ဖြစ်ပါတယ်။

နံပါတ်(၄) viber -ဝ၉ ၇၉၀၁၁၃ ၂၅၂ မှ  ၃၂၆၁ အထိ ဝ၉၇၉၀၂၈၅၄  ၆၆ မှ ၅၄၉၀ အထိ ဝ၉၇၉၀၁၃၄၇၃၈ မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၅) အနေနဲ့ ကတော့ အီးမေးလ်-reg@telenor.com. mm မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ်(၆) နိုင်ငံတစ်ဝန်းရှိ ကမ္ဘောဇဘဏ်ခွဲခေါင်း ၈၆ ဘဏ်မှာ သွားရောက်မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၇) နိုင်ငံတစ်ဝန်းရှိ ဆင်းမ်ကတ်  မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း အမှတ်အသားထားရှိတဲ့ ဆင်းမ်ကတ်လက်လီအရောင်းဆိုင်ပေါင်း ၄၂,ဝ၀ဝ ကျော် တွေမှာ သွားရောက်မှတ်ပုံတင်နိုင်ပါတယ်။
နံပါတ် (၈) မြန်မာနိုင်ငံ အနှံ့ အဓိက မြို့ကြီး မြို့ငယ်တွေရှိ တယ်လီနောရဲ့ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့်မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၉)  မြို့နယ် ပေါင်း ၅၂ ခုရှိ အလင်း အိမ်စင်တာတွေက ပို့ချပေးနေတဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသင်တန်းတွေမှာလည်း မှတ်ပုံတင်နိုင်ပါတယ်။

၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက် နေ့ မတိုင်မီ သုံးစွဲသူတွေရဲ့ ဆင်းမ်ကတ်တွေ အားလုံးမှတ်ပုံတင်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

Author မေဘယ်လ်

Kumudra

No comments:

Post a Comment