Latest News

Wednesday, March 15, 2017

သူနာပြုတက္ကသိုလ်က ဘွဲ့ရရင် လိုင်စင်ထုတ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆို

သူနာပြုတက္ကသိုလ်က ဘွဲ့ရရင် လိုင်စင်ထုတ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆို

ရန်ကုန်၊ မတ် ၁၅ ရန်ကုန်သူနာပြုတက္ကသိုလ်ကနေ ဘွဲ့ရရင် သူနာပြုနဲ့ သားဖွားလိုင်စင် ထုတ်ပေးဖို့ သုနာပြုတက္ကသိုလ်ကကျောင်းသူကျောင်းသားများဟာ ဒီကနေ့ နေ့လည် ၂နာရီကနေ ၄နာရီထိ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“အခု ကျွန်မတို့သူနာပြုတွေဟာလိုင်စင်မရှိဘဲနဲ့ ပြည်သူတွေကိုစောင့်ရှောက်နေရပါပြီ။အဲ့အတွက် မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကလည်းလုံခြုံမှု မရှိတော့ပါဘူး။အဲ့ဒါကို ပြည်သူလူထုကိုအသိပေးချင်တာပါ” လို့ သူနာပြုတက္ကသိုလ်မှာစတုတ္ထနှစ်ပညာသင်ကြားနေတဲ့ မအေးမိစံ က ပြောပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ကျန်းမာရေးဝန်ကြီး ဌာနက သူနာပြုတက္ကသိုလ်ဆင်းတွေဟာ အစိုးရဆေးရုံတွေမှာ သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုနဲ့ သားဖွားလိုင်စင်ထုတ်ပေး မယ်လို့ကြေညာ လိုက်တယ် လို့သိရပါတယ်။

သူနာပြုတက္ကသိုလ်ဆင်းတွေအနေနဲ့ လိုင်စင်မရှိရင် ပုဂ္ဂလိက အလုပ်ဝင်နိုင်မှာမဟုတ်ဘဲ အစိုးရ လစာတစ်ခုတည်းနဲ့ရပ်တည်ဖို့ခက်ခဲတယ်လို့သူနာပြုတက္ကသိုလ်ကျောင်းသူကျောင်းသားတွေကပြောပါတယ်။

အရင်က သူနာပြုတက္ကသိုလ်ကနေ ဘွဲ့ရရင် ဘွဲ့လတ်မှတ်နဲ့ လိုင်စင်လျှောက်လို့ရပြီး လိုင်စင်ထုတ်မပေးခင် ကာလမှာ ယာယီလိုင်စင် ထုတ်ပေးပြီးတယ်။အဲဒီလိုင်စင်နဲ့ ပြင်ပမှာ အလုပ်လုပ်လို့ရတယ်လို့ သိရပါတယ်။

” အခုချိန်မှာ ၃နှစ်တာဝန်ထမ်းဆောင်ပြီးမှသာလိုင်စင်ထုတ်ပေးမယ် လို့ ပြောပါတယ်။ အဲ့အချိန် ကျွန်မတို့ လက်ထဲမှာ လိုင်စင်လက်ဝယ်ကိုင်ဆောာင်ထားခြင်းမရှိပါဘူး။လိုင်စင်မရှိဘဲ ပြည်သူ့ကျန်းမာရေး ၀န်ဆောင်မှုပေးရတဲ့ အတွက် ရဲရဲဝင့်ဝင့်နဲ့ ၀န်ဆောင်မှုပေးဖို့ စိုးရွံ့ပါတယ် ” လို့ သူနာပြုတက္ကသိုလ် စတုတ္ထနစ် ကျောင်းသူတစ်ဦး က ပြောပါတယ်။

လိုင်စင်ဆိုတာ သူနာပြုသားဖွားကောင်စီဥပဒေအရ အရည်အချင်းပြည့်မှီတယ် ဆိုပြီး ထုတ်ပေးတဲ့သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာအစိုးရက သူနာပြုများကို အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တွဲအလုပ်လုပ်ဖို့အတွက် ထောက်ခံစာရေးပေးမယ်လို့ သိရပါတယ်။
အဲံဒီထောက်ခံစာနဲ့ သူနာပြုသားဖွားမှတ်ပုံတင်နဲ့ တွဲပြီးတော့ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာလျှောက်လို့ ရအောင် စီစဉ်ပေးမယ်လို့ပြောဆိုထားတယ်လို့သိရပါတယ်။

” ကျွန်တော်တို့ အနေနဲ့ကအဲ့လိုထောက်ခံစာနဲ့ ဖြေရှင်းတာသင့်တော်တဲ့ ဖြေရှင်းနည်းလို့ မယူဆဘူး ။တကယ်လို့ ကျောင်းပြီးပြီးသားအရည်အချင်းပြည့်မှီတယ်လို့ယူဆရင် လိုင်စင်ထုတ်ပေးပါ” လို့ မန္တလေးသူနာပြု တက္ကသိုလ် က ကျောင်းသားဟောင်းတစ်ဦးဖြစ်သူကိုအောင်ချမ်းမြေ့ က ပြောပါတယ်။

ရန်ကုန်၊မန္တလေးသူနာပြု တက္ကသိုလ်တွေက စုပေါင်းပြီးလွှတ်တော်ကိုစာတင်ခဲ့ပေမယ့် တုန့်ပြန်မှု မရရှိခဲ့ဘူးလို့ လည်းသိရပါတယ်။ မတ်လ ၅ရက်နေ့မှာလည်း ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့အားကစားဖွံ့ဖြိုးတိုးတက်ရေး က်ာမတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ ရန်ကုန်သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီးဆွေးနွေးခဲ့သေးတယ်လို့သိရပါတယ်။

အောင်လေး

Kumudra

No comments:

Post a Comment