Latest News

Wednesday, March 15, 2017

ပြည်မြို့တွင် သတင်းသမားများ စုစည်းပြီး မြေလတ် ဂျာနယ်လစ် ကွန်ရက်ဖွဲ့

ပြည်မြို့တွင် သတင်းသမားများ စုစည်းပြီး မြေလတ် ဂျာနယ်လစ် ကွန်ရက်ဖွဲ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ သတင်းသမားတွေ စုစည်းပြီး သတင်းမီဒီယာ အခွင့်အရေးနဲ့ အခြား အကာအကွယ်တွေရရှိဖို့ ကွန်ရက်ဖွဲ့စည်းလိုက်ပါတယ်။

မြေလတ် ဂျာနယ်လစ်ကွန်ရက်ကို မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ဂျာနယ်တွေ၊ ရုပ်သံတွေက သတင်းထောက် ၂၄ ယောက်၊ မြို့နယ်ပေါင်း ၁၂ ခုက သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။

အတွင်းအရေးမှူး ကိုကောင်းလင်းက “ပြည်သူက သတင်းသမားများအချင်းချင်းကူညီနိုင်ဖို့နဲ့ ပြည်သူတွေက သတင်းအရင်းအမြစ်ပေးနိုင်ဖို့နဲ့ သတင်းသမားတွေ သတင်းပညာပေးနိုင်ဖို့အပါအ၀င်  သတင်းပညာဖလှယ်နိုင်ဖို့ ဖွဲ့စည်းတယ်” လို့ ပြောပါတယ်။

“ဖွဲ့စည်းဖြစ်ပုံက သတင်းသမားတွေရဲ့ အခွင့်အရေးတွေကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မူတွေကနေ ကာကွယ်ဖို့ ဖွဲ့စည်းထားတာပါ”လို့ မြေလတ်ဂျာနစ်ကွန် ရက်ရဲ့ သုတေသန တာဝန်ခံ ကိုမင်းညိုက ပြောပါတယ်။

ပြည်မှာ ဖွဲ့စည်းထားတဲ့ မြေလတ်ဂျာနယ်လစ်ကွန်ရက်ရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်တာတွေနဲ့ သတင်းအချက်အလက်ဆိုင်ရာ သင်တန်းပေးတာတွေ လုပ်ကိုင်မယ်လို့ ကွန်ရက်မှာ ပါဝင်တဲ့ သတင်းသမားတွေက ဆိုပါတယ်။

သတင်း - သန်းထိုက်မြင့်( DVB )

No comments:

Post a Comment