Latest News

Wednesday, March 29, 2017

သေဆုံးခဲ့တာ နှစ်ပေါင်း ၁၀၀ခန့် ကြာပေမယ့် အသက်ရှင်နေတုန်းလို့ ထင်ရတဲ့ ကလေးငယ်



အီတလီနိုင်ငံ ၊ ပါလာမိုမြို့ ကတ်ပူချင် ခရစ်ယာန်သီလရှင်ကျောင်းရဲ့ အောက်မှာရှိတဲ့ မြေအောက်သ င်္ချိုင်း ထဲမှာ တော့ မံမီပောင်း ၈၀၀၀ ခန့်ဟာ လဲလျောင်းနေပါတယ်။ ကာပူချင် မြေအောက်က သင်္ချိုင်းဟာ ဆေးရေစိမ်ထားတဲ့ မံမီေ တွကြောင့် လူသိများလာပါတယ်။

 အဲ့ဒီမှာရှိတဲ့ မံမီတစ်ခုရဲ့ အမည်ကိုတော့ အိပ်ပျော်နေတဲ့အလှ ( Sleeping Beauty ) လိုနာမည်ပေးထားပါတယ်။ သူမရဲ့နာမည်အရင်းကတော့ ရိုစီလာလွန်ဘာဒို ပဲဖြစ်ပါတယ်။ သူမဟာ ဒီဇင်ဘာ ၆ ရက် ၁၉၂၀ ခုနှစ် တည်းက နမိုး နီးယား အဆုတ် ရောင်ရောဂါနဲ့ သေဆုံးခဲ့တာပါ။

သူမရုတ်တရက် သေဆုံးသွားတော့ သူမရဲ့အဖေဖြစ်တဲ့ မာရီယို လွန်ဘာဒိုဟာ အလွန်ပဲ ထိခိုက်ကြေကွဲခဲ့ရပါတယ်။ ဒါကြောင့် သူဟာ သူ့သမီးလေးရဲ့ ရုပ်အလောင်းကိုပုံစံပျက်ရှိနေအောင် လုပ်ပေးဖို့ အတွက် ဓာတုဗေဒ ပါမောက္ခ အဲဒိုဆလာဖီယာကို တောင်းဆိုခဲ့ပါတယ်။
ဆလာဖီယာရဲ့နည်း ပညာကလည်း အံသြလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ နှစ် ၁၀၀ နီးပါးဖြတ်ကျော်ခဲ့ပြီး တာေ တာင် ရုပ်အလောင်းက အစတုန်းကအတိုင်း ပုံမပျက် ရှိနေပါတယ်။ အပြင်ကိုယ်ခနွာတင်မဟုတ် အတွင်းဘက်အင်္ဂါတွေ ကပါပုံစံမပျက် မယွင်းရှိနေ သေးတယ် လို့ Xray နဲ့ သူမအလောင်းကို စစ်ဆေးတဲ့အခါတွေ့ရှိခဲ့ရပါတယ်။

သူမက လှပပြီး အပြစ်ကင်းတဲ့မျက်နှာ ၊ ဖဲကြိုးပြားနဲ့ချည်ထားတဲ့ဆံပင်ကောက်ကလေးတွေဟာ လည်း အရင်အတိုင်းရှိေ နပါသေးတယ်။ အမှတ်တမဲ့ကြည့်ရင် ၂ နှစ် အရွယ် ကလေးငယ် အိပ်နေတယ်လို့ပဲ ထင်ရမှာပါ။
အထူးဆန်းဆုံးကတော့ အခုထက် တိုင် သူမရဲ့မျက်လုံးအစုံဟာ များသောအားဖြင့် နေ့ဘက်တွေမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတယ် ဆိုတာပါပဲ။ ပညာရှင်တွေကတော့ မြေအောက်သင်္ချိုင်းဟာ အလင်းရောင်းအလွန်နည်းတဲ့ အတွက်ဧည့် သည်တွေရောက်လို့ မီးဖွင့်လိုက်တဲ့အခါ မျက်လုံးကြွက်သားတွေက တုန့်ပြန်ပြီး မျက်တောက်ခတ်ရတာ လို့ဆိုကြပါတယ်။

Credit to thutazone











No comments:

Post a Comment