Latest News

Wednesday, March 1, 2017

ဦးခေါင်းမရှိပဲ နှစ်နဲ့ချီပြီး အသက်ရှင်တဲ့ ကြက် ..!

ဦးခေါင်းမရှိပဲ နှစ်နဲ့ချီပြီး အသက်ရှင်တဲ့ ကြက် ..!



၁၉၄၅ ခုနှစ် ၀န်းကျင်လောက်ကပါ....Mike လို့ အမည်ပေးတဲ့ ကြက်တစ်ကောင်ဟာ ဦးခေါင်းမရှိပဲ (၁၈)လကြာ အသက်ရှင်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်...

ဖြစ်စဉ်က ဒီလိုပါ။ အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်က လယ်သမားတစ်ဦးဖြစ်တဲ့ Lloyd Oslen ဟာ အိမ်လာလည်တဲ့ ယောက္ခမကြီးအတွက် ညစာချက်ပြုတ်ပြင်ဆင်ဖို့ ခြံထဲမှာရှိတဲ့ ကြက်တကောင်းကိုဖမ်ပြီး ရဲတင်းနဲ့ ခေါင်းကို ခုတ်ဖြတ်လိုက်တယ် ဒါပေမဲ့ ကြက်ခေါင်းဟာ တစ်ခုလုံးပြတ်မသွားပဲ သုံးပုံတပုံလောက်သာ ပြတ်သွားပြီး အသက်မသေခဲ့ဘူး။ ဒီလိုနဲ့ ကြက်ကို သေအောင်မသတ်တော့ပဲ ဒီလိုပဲထားလိုက်တယ်။

နောက်ပိုင်းမှာ Oslen တစ်ယောက် ခေါင်းမရှိတဲ့ ကြက်ပိုင်ရှင်အဖြစ် နာမည်ကြီးလာတယ်....သူဟာ နယ်လှည့်ပြီးတော့ ထူးဆန်းသတ္တ၀ါဆိုပြီး ပြပွဲတွေမှာ လိုက်လံပြသပါတယ်....ခေါင်းမရှိတဲ့ကြက်ကို ဒီလိုထားတဲ့အတွက် ဝေဖန်တာတွေလည်း ခံရတယ်လို့ ဆိုပါတယ်။

ကြက်ကို အစာကျွေးတဲ့အခါ ဦးခေါင်းတ၀က်မှာ ကျန်ခဲ့တဲ့ပါးစပ်ပေါက်ထဲကို ဆေးထိုးပိုက်သုံးပြီး ဂရုတစိုက် ကျွေးရတယ်လို့ သိရပါတယ်။ နောက်ဆုံးမှာတော့ဦးခေါင်းမရှိတဲ့ကြက် Mike ဟာ Oslen ရဲ့မတော်တဆ ပေါ့ဆမှုကြောင့် သေဆုံးသွားပါတယ်။

Credit: Thutazone



SearchMyanmar

No comments:

Post a Comment