Latest News

Thursday, March 16, 2017

ထိုင်းနိုင်ငံ ခရိုင် ၃၄ ခုတွင် မိုးသက်လေပြင်းသတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံ ခရိုင် ၃၄ ခုတွင် မိုးသက်လေပြင်းသတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကာ ထိခိုက်မှု ရှိနိုင်တယ်လို့ ထိုင်းမိုးလေ၀သဦးစီးဌာနက ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မိုးသက်လေပြင်းတိုက်ခတ်နိုင်တဲ့ ခရိုင်တွေကတော့—

ထိုင်းနိုင်ငံ မြောက်ပိုင်း – နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ ဗိသနုလုတ်၊ ဖစ်ဘွန်း။

ထိုင်းနိုင်ငံ အလယ်ပိုင်း – ချိုင်းနတ်၊ နခွန်းဆ၀မ်၊ လုပ်ပူရီ၊ ဖရနခွန်းဆီအယုဒ္ဓယ။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း – ချိုင်းယဖုမ်း၊ ခွန်ကဲင်၊ လွေး၊ ဥဒွန်းဌာနီ၊ ကာလာဆင်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ဆကွန်းနခွန်း၊ နခွန်းဖနုန်၊ နခွန်းရာ့ခ်ျဆီမား၊ ဘူရီရမ်၊ နောင်ဘိုလမ်ဖူး၊ ဘိန်ကမ်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း – ပရာကျင်းပူရီ၊ ဆာကျောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ ကျန်ထပူရီ၊ တလတ် စတဲ့ခရိုင်တွေ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ လေပြင်းအားလျော့ကျသွားမှာဖြစ်ပေမယ့် အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ လေပြင်းမုန်တိုင်း ဆက်တိုက်နိုင်ဖွယ်ရှိတာကြောင့် သတိပေးထားတဲ့ နေ့ရက်တွေအတွင်း လေဟာပြင်၊ သစ်ပင်ကြီးအောက်၊ ပိုစတာဆိုင်းဘုတ်ကြီးအောက်၊ ခိုင်ခံ့မှုမရှိတဲ့ အဆာက်အဦအောက်ကနေ ရှောင်ကြားကြဖို့  ထုတ်ပြန်ထားပါတယ်။

DVB

No comments:

Post a Comment