Latest News

Sunday, March 26, 2017

Billy La Min Aye ပရိသတ်တစ်ယောက်ရဲ့ ရင်တွင်းစကား


နာမည်ကြီးနေတဲ့ Billy La Min Aye ပရိသတ်တစ်ယောက်ရဲ့ ရင်တွင်းစကား

ခန်းမကြီးထဲမှာ သူ့အတွက်အားပေးသံမကြားရတဲ့အချိန် ရှုံးနိမ့်တော့မယ်ဆိုတာသိနှင့်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

အောင်နိုင်သူကြီးက မျက်ရည်တွေကျနေတဲ့ အချိန်မှာ သူ့ရဲ့ဝမ်းနည်းမျက်ရည်တွေ စင်ပေါ်မှာ မကျအောင်ထိန်းသွားတဲ့ကောင်မလေးပေါ့။

ပရိတ်သတ်တွေနဲ့ဒိုင်တွေက အောင်နိုင်သူကြီးကို ဝန်းရံနေကြတဲ့အချိန်မှာ တိတ်တိတ် ကလေးဆင်းသွားပြီး ဇာတ်စင်နောက်မှာ ငိုနေမယ့်ကောင်မလေးပေါ့။

ကိုယ့်နာမည်မကြားရဘဲ တဖက်လူကိုအားပေးတဲ့အသံတွေ လွှမ်းနေတဲ့ ခန်းမကြီးမှာ ဘယ်လောက်တောင်စိတ်အားငယ်စွာနဲ့ နေနေရရှာမလဲ။ သူ့နေရာမှာကိုယ်သာဆိုရင်ကော?

ကောင်မလေးရေ နောက်ဆုံးအချိန်အထိ ပြုံးနိုင်အောင်ကြိုးစားသွားခဲ့တဲ့မင်းကို ကိုယ့်ရင်ထဲက winner အဖြစ်သတ်မှတ်ပါတယ်။

အသိအမှတ်ပြုပါတယ် မင်းဟာကိုယ့်နှလုံးသားနဲ့ပေးလိုက်တဲ့ Myanmar Idol Season 2 Winner ပါ။

ဘဝမှာတိုက်ခိုက်မှု တွေယုတ်မာမှုတွေကိုကြံ့ကြံ့ ခံနိုင်ရမယ်ဆိုတာကို သက်သေပြသွားတဲ့ Billy La Min Aye- Phoo Phoo💜💜💜





No comments:

Post a Comment