By ငြိမ်းငြိမ်းပြည့်
လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အ ရေးချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များ ခိုင်လုံပါက သက်သေများကို နိုင်ငံတကာ ကာ ကွယ်စောင့်ရှောက်မှုပေး၍ မြန်မာနိုင်ငံရှိ တရားရုံးများတွင် လာရောက်အမှုဖွင့် တရားစွဲ ဆိုရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။
ရခိုင်ပြည်နယ်ရှိ လူ့အခွင့် အရေးချိုးဖောက်မှုများကို သက် သေပြရေး လွတ်လပ်သောနိုင်ငံ တကာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ မြန်မာသို့ ချက်ချင်း စေလွှတ်ရန် မတ်လ ၂၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက်ချသည့် အပေါ် မြန်မာအစိုးရက တုံ့ပြန် ကြေညာချက်၌ ထိုအချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။
‘‘စွပ်စွဲမှုများသည် ခိုင်လုံမှု ရှိပါက သက်သေများအား နိုင်ငံ တကာ၏ ကာကွယ်စောင့်ရှောက် မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်စေပြီး တရားရုံးများ၌ ဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲ ဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွား မည် ဖြစ်ပါသည်’’ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ကြေညာချက်၌ ပါရှိသည်။
သို့သော်မြန်မာသို့ နိုင်ငံတ ကာ အချက်အလက်ရှာဖွေရေး မစ်ရှင်စေလွှတ်မည့် ကုလလူ့အ ခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကို မြန်မာအစိုးရက လက်မခံ ကြောင်း ငြင်းပယ်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ သည် ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သော အစိုးရသစ်ပခုံး ထက်တွင် ပြည်တွင်း၊ ပြည်ပနှစ် ဖက်စလုံး၏ ကြီးမားသော ဖိအား အဖြစ်ရှိနေသည်။ လတ်တွေ့တွင် ရခိုင်ပြည်နယ်ရှိ နယ်မြေရှင်း လင်းရေး စစ်ဆင်ရေးများကို တိုက်ရိုက်ကိုင်တွယ်သော လုံခြုံ ရေးတပ်ဖွဲ့များသည် တပ်မတော် လက်တွင်း၌ ရှိနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ် မတော်သည် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း၊ ပြည်ထဲရေး၊ ကာ ကွယ်ရေးနှင့် နယ်စပ်ရေးရာဝန် ကြီးဌာနသုံးခု၊ နိုင်ငံတော်ကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် နေရာအများစုကိုဆုပ်ကိုင် ထားသည်။
၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောရှိ မြန်မာနယ် ခြား စောင့်ရဲကင်းစခန်းသုံးခု အ ကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ကိုလုပ်ဆောင်ခဲ့သည်။၂၀၁၇ ဖေ ဖော်ဝါရီ ၃ ရက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (OHCHR) အစီရင်ခံစာ တစ်စောင် ထွက်ပေါ်ခဲ့ပြီး လေး လကြာ နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးတွင် အသက်(၈)လအ ရွယ်ကလေးငယ်အပါအ၀င် လူ ပေါင်းရာနှင့်ချီ၍ အသတ်ခံခဲ့ရ ဖွယ်ရှိကြောင်းဖော်ပြခဲ့သည်။ ကုလလူ့အခွင့်အရေး မဟာမင်း ကြီး ဦးဆောင်သော အဖွဲ့က မြန် မာဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်ကြသော ဘင်္ဂါလီဦးရေ ၂၂၀ ကို တွေ့ဆုံမေးမြန်းရာ ၄၇ ရာခိုင်နှုန်းသည် မိသားစုဝင်များ အသတ်ခံခဲ့ရသည်ဟုပြောပြီး ၄၃ ရာခိုင်နှုန်းက မိသားစုဝင်များ အဓမ္မပြုကျင့်ခံရသည်ဟု ပြော ဆိုခဲ့သည်ဟု အစီရင်ခံစာ၌ ပါ ရှိသည်။ မြန်မာသို့ လွတ်လပ် သော နိုင်ငံတကာစုံစမ်းစစ်ဆေး ရေးအဖွဲ့စေလွှတ်ရန် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စရန်ဟီး လီ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်အပါ အ၀င် နိုင်ငံတကာက တောင်း ဆိုခဲ့သည်။ အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံအများစု၏ အား ပေးမှုဖြင့် ဥရောပသမဂ္ဂက ယခု နှစ် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ် ချက်မူကြမ်းကို ဦးဆောင်တင် သွင်းခဲ့ပြီး ကုလလူ့အခွင့်အရေး ကောင်စီက အတည်ပြုခဲ့သည်။
Sunday, March 26, 2017
လူ့အခွင့်အရေးချိုးဖောက်မှု မှန်ကန်ပါက မြန်မာနိုင်ငံသို့ လာရောက်အမှုဖွင့်ရန် အစိုးရကြေညာ
လူ့အခွင့်အရေးချိုးဖောက်မှု မှန်ကန်ပါက မြန်မာနိုင်ငံသို့ လာရောက်အမှုဖွင့်ရန် အစိုးရကြေညာ
Reviewed by timeayeyar
on
5:40 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment