Latest News

Wednesday, March 15, 2017

သမၼတထရမ့္ရဲ႕ ေဒၚလာတစ္သန္းခြဲတန္ ‘Beast’ ကားသစ္ႀကီးအေၾကာင္း


အေမရိကန္သမၼတေတြစီးတဲ့ ကားေတြကုိ ‘The Beast’ ဒါမွမဟုတ္ Cadillac One လုိ႔ လူသိမ်ားပါတယ္။ သမၼတ ထရမ့္အေနနဲ႔ သူ႔ရဲ႕ Personal Limousine ဝန္ေဆာင္မႈကေန ထုတ္လုပ္ထားတဲ့ ကားသစ္နဲ႔အတူ သမၼတအျဖစ္ စီးနင္းမွာ ျဖစ္ပါတယ္။

အေပၚမွာ ျပထားတဲ့ ပံုကေတာ့ သမၼတရဲ႕ကားမွာ ပါဝင္မယ့္ အခ်က္အလက္တခ်ိဳ႕ုကုိ ေဖာ္ျပထားတာပါ။

ဒီ ဆီဒင္ကားဟာ အတူထားရွိမယ့္ႏွစ္စီးထက္ ပုိမုိႀကီးမားမွာျဖစ္ၿပီး အထဲမွာ ပါဝင္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ေတြကုိလည္း ခြဲျခမ္းစိတ္ျဖာဖုိ႔ ခက္ခဲေၾကာင္း သိရပါတယ္။


Donald Trump ရဲ႕ ဗံုးဒဏ္ခံလီမုိဟာ စစ္တပ္ပံုစံ ဓာတုတုိက္ခိုက္မႈေတြကုိလည္း ခံႏုိင္ရည္ရွိေၾကာင္း သိရပါတယ္။ ေဒၚလာ ၁.၂သန္းတန္ကားဟာ ကမာၻ႔လံုျခံဳမႈရွိဆံုး ေမာ္ေတာ္ယာဥ္ေတြထဲကတစ္ခုျဖစ္ၿပီး အေမရိကန္သမၼတေတြရဲ႕ အေဆာင္အေယာင္တစ္ခုလည္း ျဖစ္ပါတယ္။

The Beast ဟာ အေလးခ်ိန္အေနနဲ႔ ရွစ္တန္ေလာက္ရွိၿပီး ရွစ္လက္မအထူရွိတဲ့ စတီးလ္တံခါးေတြလည္း ပါဝင္ပါတယ္။ ကားအေလးခ်ိန္ဟာဆုိရင္ Boeing 757 မွာတင္ေဆာင္ႏို္င္တဲ့ အေလးခ်ိန္နဲ႔ အတူူတူပဲျဖစ္ပါတယ္။


အေရွ႕ဘက္ေလကာမွန္က်ယ္ဟာ က်ည္ကာမွန္ေတြျဖစ္ၿပီး ငါးလက္မအထူရွိပါတယ္။ ကားေအာက္ပုိင္းဟာဆုိရင္လည္း လမ္းမွာေထာင္ထားတဲ့ဗံုးေတြကုိ ခံႏုိင္ရည္ရွိေအာင္ အကာတစ္ထပ္အုပ္ထားတဲ့အျပင္၊ ဆီေလွာင္ကန္ေတြဟာဆုိရင္လည္း ေဖာက္ခြဲမႈဒဏ္ခံႏိုင္ပါတယ္။

ဒရိုက္ဘာဘက္အျခမ္းက တံခါးတစ္ခုတည္းနဲ႔ပဲ အေရးအေၾကာင္းဆုိရင္ အဖြင့္အပိတ္လုပ္ႏုိင္မွာျဖစ္တဲ့အျပင္ သမၼတအတြက္လည္း တစ္ခုခုျဖစ္လာရင္ကုသဖုိ႔ အေရးေပၚပစၥည္းေတြ အျပည့္အစံုပါဝင္ပါတယ္။

တံခါးႀကီးေတြက လံုျခံဳလြန္းတာေၾကာင့္ အျပင္ေလထုနဲ႔ ထိေတြ႔မႈရွိမွာမဟုတ္ပဲ ဓာတုတုိက္ခိုငမႈေတြကုိ ကာကြယ္ေပးမွာပါ။ ဓာတုတိုက္ခိုက္မႈေတြ ၾကံဳလာရင္ေတာင္ အသက္ရႈႏုိင္မယ့္ ေအာက္စီဂ်င္စနစ္ေတြလည္း ထည့္သြင္းထားပါတယ္။

Shotguns ေတြအပါအဝင္ လက္နက္ေတြကုိလည္းထည့္သြင္းထားပါတယ္။ Kevlar တာယာေတြက အေဖာက္ခံလုိက္ရရင္ေတာင္ အလုပ္လုပ္ေနဦးမွာျဖစ္ၿပီး ကားကုိ အေကာင္းဆံုးသြားေအာင္ အေထာက္အကူေပးမွာပါ။

ေမာ္ေတာ္ယာဥ္ရဲ႕အေရွ႕ဘက္ပိုင္းမွာဆုိလည္း ေသနတ္ေတြကုိ မျမင္ႏုိင္ေအာင္ ထည့္သြင္းထားတာေၾကာင့္ တုိက္ခိုက္သူေတြကုိ ယာဥ္ထဲကေနတင္ ျပန္လည္ပစ္ခတ္ႏုိင္မွာပါ။

The Beast မွာ Night Vision ကင္မရာေတြလည္း ပါဝင္ပါတယ္။ ဆီျပတ္သြားရင္လည္း အတြင္းကေန ျဖည့္သြင္းႏိုင္မယ့္ Fuel Filler Door တစ္ခုလည္း ထည့္သြင္းထားပါတယ္။

အတြင္းထဲကေနတင္ ဆက္သြယ္ေရးလုပ္ႏုိင္ဖုိ႔အတြက္ သမၼတရဲ႕ ကိုယ္ပိုင္ဆက္သြယ္ေရးအင္တာနာ၊ မိုဘိုင္းလ္ဖုန္းတာဝါေတြ ပါဝင္ပါတယ္။

The Beast ေတြဟာ ပ်က္ဖုိ႔လည္း အေတာ္ခက္ခဲၿပီး သက္တမ္းတစ္ေလွ်ာက္ Beast ကားပ်က္တာဆုိလို႔ တစ္ခါပဲ ၾကံဳခဲ့ပါေသးတယ္။ အဲ့ဒါကလည္း ၂၀၁၃ခုႏွစ္တုန္းက အစၥေရးလ္ႏုိင္ငံခရီးစဥ္မွာ ယာဥ္ေမာင္းက ဆီမွားထည့္လုိက္မိလုိ႔ပါ။

သမၼတ အိုဘားမားရဲ႕လက္ထက္မွာ The Beast ေတြကုိ Upgrade အခ်ိဳ႕ျပဳလုပ္ခဲ့ၿပီး မီးစက္နဲ႔ Backup ပစၥည္းေတြကို ထပ္မံထည့္သြင္းခဲ့ေပမယ့္ လူသားအမွားကုိေတာ့ သူတုိ႔ ထည့္မတြက္မိလုိက္ၾကပါဘူး။

Joker (Akhayar)

Ref: Daily Mail

==================

[Unicode]
သမ္မတထရမ့်ရဲ့ ဒေါ်လာတစ်သန်းခွဲတန် ‘Beast’ ကားသစ်ကြီးအကြောင်း

အမေရိကန်သမ္မတတွေစီးတဲ့ ကားတွေကို ‘The Beast’ ဒါမှမဟုတ် Cadillac One လို့ လူသိများပါတယ်။ သမ္မတ ထရမ့်အနေနဲ့ သူ့ရဲ့ Personal Limousine ဝန်ဆောင်မှုကနေ ထုတ်လုပ်ထားတဲ့ ကားသစ်နဲ့အတူ သမ္မတအဖြစ် စီးနင်းမှာ ဖြစ်ပါတယ်။

အပေါ်မှာ ပြထားတဲ့ ပုံကတော့ သမ္မတရဲ့ကားမှာ ပါဝင်မယ့် အချက်အလက်တချို့ုကို ဖော်ပြထားတာပါ။

ဒီ ဆီဒင်ကားဟာ အတူထားရှိမယ့်နှစ်စီးထက် ပိုမိုကြီးမားမှာဖြစ်ပြီး အထဲမှာ ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်တွေကိုလည်း ခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲကြောင်း သိရပါတယ်။

Donald Trump ရဲ့ ဗုံးဒဏ်ခံလီမိုဟာ စစ်တပ်ပုံစံ ဓာတုတိုက်ခိုက်မှုတွေကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရပါတယ်။ ဒေါ်လာ ၁.၂သန်းတန်ကားဟာ ကမ္ဘာ့လုံခြုံမှုရှိဆုံး မော်တော်ယာဉ်တွေထဲကတစ်ခုဖြစ်ပြီး အမေရိကန်သမ္မတတွေရဲ့ အဆောင်အယောင်တစ်ခုလည်း ဖြစ်ပါတယ်။

The Beast ဟာ အလေးချိန်အနေနဲ့ ရှစ်တန်လောက်ရှိပြီး ရှစ်လက်မအထူရှိတဲ့ စတီးလ်တံခါးတွေလည်း ပါဝင်ပါတယ်။ ကားအလေးချိန်ဟာဆိုရင် Boeing 757 မှာတင်ဆောင်နိုင်တဲ့ အလေးချိန်နဲ့ အတူူတူပဲဖြစ်ပါတယ်။

အရှေ့ဘက်လေကာမှန်ကျယ်ဟာ ကျည်ကာမှန်တွေဖြစ်ပြီး ငါးလက်မအထူရှိပါတယ်။ ကားအောက်ပိုင်းဟာဆိုရင်လည်း လမ်းမှာထောင်ထားတဲ့ဗုံးတွေကို ခံနိုင်ရည်ရှိအောင် အကာတစ်ထပ်အုပ်ထားတဲ့အပြင်၊ ဆီလှောင်ကန်တွေဟာဆိုရင်လည်း ဖောက်ခွဲမှုဒဏ်ခံနိုင်ပါတယ်။

ဒရိုက်ဘာဘက်အခြမ်းက တံခါးတစ်ခုတည်းနဲ့ပဲ အရေးအကြောင်းဆိုရင် အဖွင့်အပိတ်လုပ်နိုင်မှာဖြစ်တဲ့အပြင် သမ္မတအတွက်လည်း တစ်ခုခုဖြစ်လာရင်ကုသဖို့ အရေးပေါ်ပစ္စည်းတွေ အပြည့်အစုံပါဝင်ပါတယ်။

တံခါးကြီးတွေက လုံခြုံလွန်းတာကြောင့် အပြင်လေထုနဲ့ ထိတွေ့မှုရှိမှာမဟုတ်ပဲ ဓာတုတိုက်ခိုငမှုတွေကို ကာကွယ်ပေးမှာပါ။ ဓာတုတိုက်ခိုက်မှုတွေ ကြံုလာရင်တောင် အသက်ရှုနိုင်မယ့် အောက်စီဂျင်စနစ်တွေလည်း ထည့်သွင်းထားပါတယ်။

Shotguns တွေအပါအဝင် လက်နက်တွေကိုလည်းထည့်သွင်းထားပါတယ်။ Kevlar တာယာတွေက အဖောက်ခံလိုက်ရရင်တောင် အလုပ်လုပ်နေဦးမှာဖြစ်ပြီး ကားကို အကောင်းဆုံးသွားအောင် အထောက်အကူပေးမှာပါ။

မော်တော်ယာဉ်ရဲ့အရှေ့ဘက်ပိုင်းမှာဆိုလည်း သေနတ်တွေကို မမြင်နိုင်အောင် ထည့်သွင်းထားတာကြောင့် တိုက်ခိုက်သူတွေကို ယာဉ်ထဲကနေတင် ပြန်လည်ပစ်ခတ်နိုင်မှာပါ။

The Beast မှာ Night Vision ကင်မရာတွေလည်း ပါဝင်ပါတယ်။ ဆီပြတ်သွားရင်လည်း အတွင်းကနေ ဖြည့်သွင်းနိုင်မယ့် Fuel Filler Door တစ်ခုလည်း ထည့်သွင်းထားပါတယ်။

အတွင်းထဲကနေတင် ဆက်သွယ်ရေးလုပ်နိုင်ဖို့အတွက် သမ္မတရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးအင်တာနာ၊ မိုဘိုင်းလ်ဖုန်းတာဝါတွေ ပါဝင်ပါတယ်။

The Beast တွေဟာ ပျက်ဖို့လည်း အတော်ခက်ခဲပြီး သက်တမ်းတစ်လျှောက် Beast ကားပျက်တာဆိုလို့ တစ်ခါပဲ ကြုံခဲ့ပါသေးတယ်။ အဲ့ဒါကလည်း ၂၀၁၃ခုနှစ်တုန်းက အစ္စရေးလ်နိုင်ငံခရီးစဉ်မှာ ယာဉ်မောင်းက ဆီမှားထည့်လိုက်မိလို့ပါ။

သမ္မတ အိုဘားမားရဲ့လက်ထက်မှာ The Beast တွေကို Upgrade အချို့ပြုလုပ်ခဲ့ပြီး မီးစက်နဲ့ Backup ပစ္စည်းတွေကို ထပ်မံထည့်သွင်းခဲ့ပေမယ့် လူသားအမှားကိုတော့ သူတို့ ထည့်မတွက်မိလိုက်ကြပါဘူး။

Joker (Akhayar)

Ref: Daily Mail

No comments:

Post a Comment