အနုပညာရှင်ဇနီးမောင်နှံ လင်းလင်း နဲ့ ချစ်သုဝေက Colour Box Car Spa & Dining House ဆိုင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အခုလ ၂၀ ရက်က စတင်ကာ မန္တလေးမြို့၊ ၃၂ လမ်းနဲ့ ၆၅ လမ်းထောင့်မှာ ဖွင့်လှစ်မှာပါ။ သည်ဆိုင်မှာ ကားရေဆေးတာ၊ ကားပေါ်လစ်တိုက်တာစတဲ့ ကားနဲ့ ပတ်သက်တာတွေ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ကားရေဆေးရင်း စာဖတ်နိုင်အောင် စာကြည့်တိုက်ငယ်လေးတစ်ခုစီစဉ်ထားသလို လက်ဖက်သုပ်၊ ရှောက်သီးသုပ်၊ မြန်မာမုန့်၊ ကော်ပြန့်၊ ဖက်ထုပ်အပြင်ကော်ဖီနဲ့ အအေးစုံတွေသုံးဆောင်နိုင်မှာဖြစ်ပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေဟာ စီးပွားရေးလုပ်ငန်းအနေနဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်လှစ်ထားတာဖြစ်ပြီး ယခုမန္တလေးမြို့မှာဖွင့်လှစ်မယ့် သည်ဆိုင်ကတော့ ဒုတိယမြောက် စီးပွားရေးဖြစ်ပါ တယ်။
အေးစုမွန်
Kumudra
No comments:
Post a Comment