Latest News

Sunday, February 12, 2017

ပါဂျောင်မှာသေဆုံးခဲ့သူ ကျောင်းသားတွေအတွက် အခမ်းအနားကျင်းပ

ပါဂျောင်မှာသေဆုံးခဲ့သူ ကျောင်းသားတွေအတွက် အခမ်းအနားကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) ဒေသမှာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦး အသတ်ခံခဲ့ရတဲ့ ၂၅ နှစ်ပြည့် အောက်မေ့ခြင်း အခမ်းအနားကို မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ပါဂျောင်စခန်းမှာ သေဆုံးသွားသူ ကျောင်းသူ ကျောင်းသားတွေရဲ့ ဆွေမျိုး တော်စပ်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ABSDF မြောက်ပိုင်းရဲဘော်ဟောင်းတွေ မန္တလေးခြေစိုက်လူမှုရေးအသင်းအဖွဲ့တွေ နိုင်ငံရေးအင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

မြောက်ပိုင်း ပါဂျောင်စခန်းလူသတ်မှုမှာ ထောက်လှမ်းရေးတွေလို့ ဆိုပြီးကျောင်းသား ၃၄ ဦး အသတ်ခံခဲ့ရပြီး ၅၀ ကျော် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်ခဲ့သူတွေက ပြောပါတယ်။

Sources & Photo: Hset Paing Toe/ RFA

No comments:

Post a Comment