Latest News

Sunday, February 12, 2017

မိန်းမတစ်ယောက်ရဲ့ဘ၀မှာ စိတ်အချမ်းသာရဆုံးအချိန်

မိန်းမတစ်ယောက်ရဲ့ဘ၀မှာ စိတ်အချမ်းသာရဆုံးအချိန်

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်အားကိုယ်ကိုးပြီး အမှန်ကန်ဆုံး ပိုက်ဆံရှာနိုင်တဲ့အချိန်ပါ။

ဒီအခြေအနေ အချိန်ခါရောက်တဲ့အခါ သူမရဲ့မျက်နှာပန်းဟာလည်း သူများထက်ပွင့်လန်းနေမှာကို တွေ့ရပါလိမ့်မယ်။
သူမဘယ်သွားချင်သွားချင် ဘာဝယ်ချင်ဝယ်ချင် သူများတကာကို အားကိုးနေစရာမလိုတော့ပါဘူး ။

သူမငွေကြေးပြည့်စုံလာတဲ့အခါ မိဘဆွေမျိုးတွေကို အကောင်းဆုံးထောက်ပံ့ကျွေးမွေးနိုင်မယ်။
အဲ့ဒီအချိန်မှာ သူမဆီမှာ ချစ်သူရည်းစား၊ လင်ယောကျာ်းမရှိနေရင်လည်း တင့်တယ်နေပါလိမ့်မယ်။

သူမကိုယ်သူမ လေးစားသလိုမျိုး အများကလည်း သူ့ကိုလေးလေးစားစား ဆက်ဆံကြပါလိမ့်မယ်။
ယခင်က အထင်သေးအမြင်သေး ဆက်ဆံကြတဲ့သူတွေအပြင် အပေါင်းသင်းတွေပါ ထပ်တိုးပြီး သူမဘ၀က ပိုမိုစိုပြေလာပါလိမ့်မယ်။

မိန်းမတစ်ယောက်ရဲ့ အလှပဆုံးနဲ့ အတောက်ပဆုံး ဂုဏ်တစ်ခုဟာ ကိုယ်ကျင့်တရားပါပဲ ။
ကျန်တဲ့ ငွေကြေး ပကာသနတွေကတော့ သူမကို အတောက်ပဆုံး ထွန်းလင်းနိုင်ဖို့ ထောက်ပံ့ကူမပေးထားတဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

ချစ်တဲ့...မနုဿ

(မနုသ ရဲ့ စာမျက်နှာလေးများ)

No comments:

Post a Comment