Latest News

Saturday, February 11, 2017

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး နာရီများ

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး နာရီများ

ကမ္ဘာပေါ်မှာ ထုတ်လုပ်ရောင်းချသမျှ နာရီတွေထဲက တန်ဖိုးအကြီးဆုံးလို့ သတ်မှတ်ထားပြီး လက်ချိုးရေတွက်လို့ ရလောက်တဲ့ နာရီတွေအကြောင်း တင်ပြပါ့မယ်

■ (၁) Chopard 210 karat
(တန်ဖိုး - ဒေါ်လာ ၂၆ သန်း)

● တစ်​ဒေါ်လာကို မြန်မာငွေ ၁၃၅၀ ကျပ်နဲ့ တွက်မယ်ဆိုရင်ပဲ ကျပ်ငွေ သန်း ၃ သောင်းခွဲလောက် တန်ပါတယ်
● အဖြူရောင် တမျိုးတည်း မဟုတ်ပဲ ၂၁၀ ကာရက် ရှိတဲ့ ရောင်စုံစိန်တွေ စီခြယ်ထားတာပါ
● နာရီက မြင်လိုက်ရင် နာရီနဲ့တောင် မတူပါဘူး
● ထုတ်လုပ်ရောင်းချသူက ဈေးနှုန်းကို မဖော်ပြထားပါဘူး
● ဘယ်သူ ဝယ်ထားတယ်ဆိုတာလဲ မသိရပါဘူး
● နာရီတန်ဖိုးကို နာရီမှာပါတဲ့ စိန်ရဲ့ ကာရက်နဲ့ပဲ တွက်ချက်ထားတာ ဖြစ်ပါတယ်

■ (၂) Patek Philippe Super Complication
(တန်ဖိုး - ဒေါ်လာ ၁၁ သန်း)

● လက်ပတ်နာရီ မဟုတ်ပဲ အိတ်ဆောင်နာရီ ပုံစံ ဖြစ်ပြီး ၁၈ ကာရက် ရှိတဲ့ ရွှေသားနဲ့ နာရီအိမ်ကို ပြုလုပ်ထားပါတယ်
● ၁၉၃၃ ခုနှစ်က ဘဏ်လုပ်ငန်းရှင် Henry Graves Jr အတွက် Patek Philippe က ၅ နှစ် ကြာအောင် ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာပါ
● လက်ရှိ ထုတ်လုပ်ထားသမျှ နာရီတွေထဲမှာ ဖန်တီးမှုပုံစံ အရှုပ်ထွေးဆုံးနဲ့ နာရီမျိုးစုံ လေလံတင်ရောင်းချမှုထဲမှာ ဈေးအမြင့်ဆုံးရရှိထားတဲ့ နာရီဖြစ်ပါတယ်

■ (၃) Patek Philippe Platinum World Time
(တန်ဖိုး - ဒေါ်လာ ၄ သန်း)

● Patek Philippe ကိုယ်တိုင် ဖန်တီးခဲ့တဲ့ နာရီဖြစ်ပြီး နောက်ဆုံး ဒီနေရာကို ၂၀၀၂ ခုနှစ်က လေလံတင်ရောင်းချရာမှာ ဒေါ်လာ ၄ သန်းနဲ့ ဈေးပြတ်ထားတာပါ
● လက်ပတ်နာရီ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီတစ်လုံးပဲရှိမယ်လို့ ယူဆရပါတယ်
● ထူးခြားချက်ကတော့ ဒီနာရီက ကမ္ဘာပေါ်က ဘယ်နေရာရောက်ရောက် စံတော်ချိန် ပြန်တိုက်ဖို့မလိုပါဘူး အလိုအလျောက် ရောက်ရှိတဲ့နေရာရဲ့ စံတော်ချိန် ဖြစ်နေမှာပါပဲ

■ (၄) Vacheron Constatin Tour de I’lle
(တန်ဖိုး - ဒေါ်လာ ၁ ဒသမ ၅ သန်း)

● ဆွစ်ဇာလန် နာရီဖန်တီးသူ Vacheron Constatin ရဲ့ လက်ပတ်နာရီ ဖြစ်ပါတယ်
● ကုမ္ပဏီရဲ့ နာရီ ထုတ်လုပ်မှု နှစ် ၂၅၀ ပြည့် အဖြစ် ၂၀၀၅ ခုနှစ်က ထုတ်လုပ်ခဲ့တာပါ
● ၁၈ ကာရက် ရွှေသားကို သုံးထားတယ်
● မှန်သားရဲ့ ထူးခြားချက်က အလင်းပြန်မှုမရှိဘူး
● နှစ်ဖက်မြင် နာရီ ဖြစ်ပြီး အပေါ်ဘက် ပုံမှန် မျက်နှာပြင်က နာရီလက်တံပြ စနစ်နဲ့ အောက်ဘက် နာရီ နောက်ပိတ် ဘက်ကတော့ အချက်ပြစနစ် အထိုင်တွေ ဖြစ်ပါတယ်

■ (၅) Patek Philippe Sky Moon Tourbillion
(တန်ဖိုး - ဒေါ်လာ ၁ ဒသမ ၃ သန်း)

● Patek Philippe ဖန်တီးခဲ့သမျှထဲမှာ ဖန်တီးမှု အရှုပ်ထွေးဆုံး လက်ပတ်နာရီ ဖြစ်ပါတယ်
● သူကလည်း နှစ်ဖက်မြင် နာရီ ပုံစံပါ
● ရှေ့ဘက်ကတော့ နာရီ လက်တံနဲ့ နေ့စွဲတွေ ဖော်ပြပေးမှာ ဖြစ်ပြီး ဒီနေ့ခေတ် လက်တံနာရီတွေရဲ့ ရှေ့ပြေးလို့ ဆိုနိုင်ပါတယ်
● နောက်ဘက် မျက်နှာပြင်ကတော့ ညဘက် ကောင်းကင်ရောင် ဖြစ်ပြီး သံလိုက်အိမ်​မြှောင်ရဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ပါတယ်

■ (၆) Chopard Super Ice Cube
(တန်ဖိုး - ဒေါ်လာ ၁ ဒသမ ၁ သန်း)

● ရေခဲတုံးလေးတွေနဲ့ တူအောင် ၆၀ ကာရက် ရှိတဲ့ စိန်တွေကို အံကျ ဖန်တီးထားပါတယ်
● ဆွစ်ဇာလန်ထုတ် ဖြစ်ပြီးတော့ အဆင့်မြင့် သူဌေးလူတန်းစား အတွက် ဖြစ်ပါတယ်
● ရေအနက် ပေ ၁၀၀ ထိအောင် ရေစိုခံပါတယ်
● ခြစ်ရာ ပွန်းရာ မရှိစေဘူးလို့ အာမခံထားတာ တွေ့ရပါတယ်
● အမျိုးသမီးပတ် လက်ပတ်နာရီ ဖြစ်ပြီး ဒီနေ့ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အကောင်းဆုံး နာရီ အဖြစ် သတ်မှတ်ထားပါတယ်

■ (၇) Hublot Black Caviar Bang
( တန်ဖိုး - ဒေါ်လာ ၁ သန်း)

● ၂၀၀၉ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး အကွက်ပုံစံ ဒီဇိုင်းကို အချောင်းပုံစံ မြင်သာအောင် ဖန်တီးထားတာပါ
● အမြင်ပိုင်းမှာ ရွှေနဲ့ စိန်တွေ မတွေ့ရပေမယ့် အမှန်က နာရီသားထဲမှာ စိန်နက် ၅၀၁ စ နဲ့ ၁၈ ကာရက် ရွှေသား ကွပ်ထားပါတယ်  လက်ပတ်နာရီ အမျိုးအစား ဖြစ်ပြီး အမျိုးသားပတ် နာရီပုံစံပါ

❖ ရွှေရည်ကို ကာရက်နဲ့ တိုင်းတာခြင်း

■ ရွှေရည်ကို ပြည်တွင်းမှာ ...
● ၁၅ ပဲရည် ၁၆ ပဲရည် စသဖြင့် တိုင်းတာသလို
● နိုင်ငံတကာမှာတော့ ကာရက် နဲ့ တိုင်းတာပါတယ်

■ နိုင်ငံတကာ ရွှေရည်တွေကတော့ ...
● ၂၄ ကာရက် ၂၂ ကာရက်နဲ့ ၁၈ ကာရက်တွေပဲ ဖြစ်ပါတယ်
● ၂၄ ကာရက် ဟာ ရွှေစင်စစ် ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး
● ၂၂ ကာရက်ကတော့ ၉၁ ဒသမ ၆၇ ရာခိုင်နှုန်း ရွေစင်ဖြစ်ပါတယ်
● ၁၈ ကာရက် ကတော့ ရွှေစင် ၇၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ သတ်မှတ်ပါတယ်

Sources : Irrawaddy Burmese

No comments:

Post a Comment