ပင်လုံစာချုပ် လက်မှတ် ရေးထိုးကြသည့် ကိုယ်စားလှယ် များ၏
မိသားစုဝင်များ ပင်လုံသို့ ရောက်ရှိ
(ပင်လုံ၊ ဖေဖော်ဝါရီ ၁၁)
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့တွင်ကျင်းပမည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ၏ မိသားစုဝင်များ ပင်လုံ ပြည်ထောင်စု ကျောက်တိုင်သို့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့က ရောက်ရှိ လာကြောင်းသိရသည်။
၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံမြို့၌ တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ၊ လူထုကိုယ်စားလှယ်များက လွတ်လပ်ရေးအရယူရန် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပြီး ယင်းနေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ခဲ့သည်။ ယခု ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့သည် နှစ်(၇၀)မြောက်ပြည်ထောင်စုနေ့အဖြစ်ရောက်ရှိလာပြီဖြစ်သည်။
ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပင်လုံ စာချုပ် ချုပ်ဆိုခဲ့သည် ကိုယ်စားလှယ်များ၏ မိသားစုဝင် များလည်း တက်ရောက်လာကြရာ ကိုယ်စားလှယ် များ၏ မိသားစုဝင်များက မိမိတို့အား ဖိတ်ကြား၍ တက်ရောက်လာကြကြောင်း ၊ မိမိတို့၏ အဖေ၊ အဖိုးများ၏ ရုပ်ပုံများဖြင့် ပင်လုံ ကျောက်တိုင်တွင် ယခုကဲ့သို့ ဂုဏ်ပြု ထားခြင်းကြောင့် ၀မ်းသာ ပီတိ ဖြစ်ရပါကြောင်း ၊ မိမိတို့၏ မိဘများအား ပြန်လည် ဆုံတွေ့ ရသလို ဖြစ်မိပါကြောင်း ၊ ထူးခြားတဲ့ ပန်းချီပုံ များဖြင့် စီမံထား၍ အသက်ဝင် ရှိလှပါကြောင်း ၊ ရင်ထဲတွင် ဖော်မပြ တတ်အောင် ၀မ်းသာပီတိ ဖြစ်ရပါကြောင်း ၊ ဒီလို လာရောက်နိုင်အောင် စီစဉ် ပေးပါသော နိုင်ငံတော် ကိုလည်း ကျေးဇူး တင်ပါကြောင်း ၊ ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံ ကျောက်တိုင်နှင့် ကိုယ်စားလှယ်များ၏ ရုပ်ပုံပါ ပန်းရုံ များဖြင့် စီမံ ထားရှိသည်မှာ သတင်းစာ ၊ ဂျာနယ်များတွင် မြင်တွေ့ရ ပါသော်လည်း မိမိတို့ အနေဖြင့် ရောက်ဖူးချင်ခဲ့ပါ သော်လည်း မရောက်ဖြစ်ခဲ့ ပါကြောင်း ၊ ယခုလို နိုင်ငံတော် အစီအစဉ်ဖြင့် ရောက်ရှိအောင် ဆောင်ရွက်ပေးသည့် အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း ၊ မိမိတို့၏ သားစဉ် မြေးဆက်များ ထာဝရ ဂုဏ်ယူနေရမည် ဖြစ်ကြောင်း ၊ ကိုယ်စားလှယ်ကြီးများ၏ မိသားစုဝင် အချင်းချင်း ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူး မမြင်ဖူးကြ သော်လည်း ယခုလို ပင်လုံမြို့မှ မြင်တွေ့ကြ သော်လည်း သွေးရင်းသားချင်း ညီရင်းအစ်ကို မောင်နှမ ဆွေမျိုးများ ဖြစ်ပါကြောင်း ၊ ကိုယ်စားလှယ်ကြီး များ၏ ရုပ်ပုံကို အသက်ဝင်အောင် ထုဆစ် ပုံဖော်ပေးပါသော အသိပညာရှင် အတတ်ပညာရှင် ၊ သုခုမပညာရှင်များ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၊ နောင်နှစ်များ တွင်လည်း မိမိတို့ အစီအစဉ်အဖြစ် လာရောက် နိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ရင်တွင်း စကားများ ကြားသိခဲ့ရသည်။
Sources : Kanbawza Tai News Journal
Saturday, February 11, 2017
ပင်လုံစာချုပ် လက်မှတ် ရေးထိုးကြသည့် ကိုယ်စားလှယ် များ၏ မိသားစုဝင်များ ပင်လုံသို့ ရောက်ရှိ
ပင်လုံစာချုပ် လက်မှတ် ရေးထိုးကြသည့် ကိုယ်စားလှယ် များ၏ မိသားစုဝင်များ ပင်လုံသို့ ရောက်ရှိ
Reviewed by Ar Ti
on
5:27 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment