Latest News

Saturday, February 18, 2017

ရန်ကုန်တိုင်းလွတ်တော် ဒုဥက္ကဌ ယာဉ်မတော်တဆမှုဖြစ်ပွား

ရန်ကုန်တိုင်းလွတ်တော် ဒုဥက္ကဌ ယာဉ်မတော်တဆမှုဖြစ်ပွား

ဖေဖော်ဝါရီလ ၁၈ ရန်ကုန်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးလင်းနိုင်မြင့်ဟာ သည်ကနေ့နေ့လည်ပိုင်းမှာ ယာဉ်မတော်တဆမူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သည်ကနေ နေ့လည် ၁၂နာရီကျော်က ဗဟန်းမြို့နယ်နဲ့ ဒဂုံမြို့နယ်ထဲက ဦးထောင်ဘိုအဝိုင်းနားမှာဖြစ်ပွားခဲ့တာပါ။

“ထိခိုက်ဒဏ်ရာ ရရှိမှုတော့မရှိပါဘူး။ကားကလည်းပွန်းရုံလောက်ပဲ ဖြစ်သွားတာပါ ။အပျက်အဆီးလည်းမရှိပါဘူး”လို့ အမှတ်(၇) အနောက်ပိုင်းခရိုင် ယာဉ်မူစစ်ရုံးမှ ဒုရဲအုပ် သန်းဦးက ပြောပါတယ်။

ယာဉ်မှုစစ်အရာရှိတွေ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကိုသွားခဲ့ပေမယ့် ကားရောလူရောမတွေ့ရတာကြောင့် ဒုတိယဥက္ကဌဟာ ဘယ်ကိုဦးတည်ပြီးသွားနေချိန်မှာဖြစ်ပွားခဲ့တယ်၊တဖက်ယာဉ်က ဘယ်လိုအမျိုးအစားဖြစ်တယ်၊ ဆိုတာတွေကို တော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့သိရပါတယ်။

ဝင်းနန္ဒာ
Kumudra

No comments:

Post a Comment