Latest News

Tuesday, February 21, 2017

ဒုရဲမှူးတစ်ဦးဆီက ငွေကျပ်၁၈သိန်းခန့်တန်ဖိုး ရှိတဲ့ဆွဲကြိုး လုယူထွက်ပြေးသူကိုဖမ်းမိ

ဒုရဲမှူးတစ်ဦးဆီက ငွေကျပ်၁၈သိန်းခန့်တန်ဖိုး ရှိတဲ့ဆွဲကြိုး လုယူထွက်ပြေးသူကိုဖမ်းမိ

မန္တလေးဘူတာကြီးမှ ထွက်ခွာလာတဲ့ ရန်ကုန်-မန္တလေး အမှတ်(၄) အစုန်ရထားပေါ်မှ လိုက်ပါစီးနင်းလာတဲ့ ခရီးသွားပြည်သူ ဒုရဲမှူးတစ်ဦးဆီက ငွေကျပ် ၁၈ သိန်းခန့်ရှိတဲ့ ဆွဲကြိုးကို လုပြီး ထွက်ပြေးတဲ့အမှု ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်နဲ့မန္တလေး ပြေးဆွဲလာတဲ့ အမှတ်(၄)အစုန်ရထား အထက်တန်းတွဲ တွဲအမှတ် (၂) မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယောင်္ကျားတစ်ဦးက အဆိုပါရထားမှာလိုက်ပါစီးနင်းလာတဲ့ ဒုရဲမှူးတစ်ဦးရဲ့လည်ပင်းမှ ငွေကျပ် ၁၈ သိန်းခန့်တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုးကို လုယူပြီး ရထားပေါ်မှ ခုန်ချ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
“သူက မိန်းမလျာ စိတ်ပေါက်နေတာ ကလေးနှစ်ယောက်ရှိတယ်။ မိန်းမကခွေးရူးကိုက်ထားလို့ စိတ်မနှံ့ဘူး ဆွဲကြိုးကိုယူတုန်းကတော့ သူ့ကိုနတ်ကောက်ထားလို့ စိတ်မမှန်ဘဲယူလိုက်မိတာ ဆိုပေမယ့် တရားဥပဒေမှာတော့ မရဘူးလေ“ လို့ သာစည်ရထားရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်မင်းနိုင်က ပြောပါတယ်။

အဆိုပါဆွဲကြိုးလုယူထွက်ပြေးသူက ဝမ်းတွင်းမြို့နယ် ရိုးရွာကျေးရွာမှာနေထိုင်ပြီး အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။
အဆိုပါ ဆွဲကြိုးလုယူထွက်ပြေးသူကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာသူ နေထိုင်ရာကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ဆွဲကြိုးလုယူထွက်ပြေးသူကို သာစည်ရထားရဲတပ်ဖွဲ့စခန်းမှာ ပ-၁/၂၀၁၇ ၊ပုဒ်မ ၃၇၉(နှိုက်)ခိုးယူလုယက်မှုနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့သရပါတယ်။

ဝင်းနန္ဒာ

Kumudra

No comments:

Post a Comment