Latest News

Thursday, February 16, 2017

အခွန်ပြည့်ဝစွာရရေး လွှတ်တော်ကိုယ်စားလှယ်များ ဝိုင်းဝန်းကူညီရန် စီမံဘဏ္ဍာဒုဝန်ကြီး မေတ္တာရပ်ခံ

အခွန်ပြည့်ဝစွာရရေး လွှတ်တော်ကိုယ်စားလှယ်များ ဝိုင်းဝန်းကူညီရန် စီမံဘဏ္ဍာဒုဝန်ကြီး မေတ္တာရပ်ခံ

အခွန်အကောက် များ ပြည့်ဝစွာရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ ဝိုင်းဝန်းကူညီရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်လွင်က မေတ္တာရပ် ခံသည်။

 ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ် လျာထား ချက်အပေါ် အခွန်ကောက်ခံ ရရှိ မှု အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအ ဆင့် အဖွဲ့အစည်းဝင်များက ပြည် ထောင်စုလွှတ်တော်သို့ ဖေဖော် ဝါရီ ၁၃ ရက်တွင် လာရောက်ရှင်း လင်း ဆွေးနွေးစဉ် ဒုဝန်ကြီးက ယင်းကဲ့သို့ မေတ္တာရပ်ခံခဲ့သည်။

‘‘အခွန်အကောက်များ ပြည့် ဝစွာ ကောက်ခံရရှိနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်ကြီး များအနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ နယ်များအတွင်း အခွန်ကောက်ခံ ခြင်းကိစ္စရပ်များမှ ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြပါရန်လည်း မေတ္တာ ရပ်ခံအပ်ပါတယ်’’ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ပြည်သူများ အခွန်ပြည့်ဝစွာ ထမ်းဆောင်ရေးအတွက် သက် ဆိုင်ရာဝန်ကြီးဌာနများက မူဝါဒ ချမှတ်၍ အကောင်အထည်ဖော် ရမည်ဖြစ်ပြီး အခွန်ထမ်းပြည်သူ များလာစေရေးသူ အစိုးရအဖွဲ့ ကသာ လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် လွှတ်တော်ကိုယ် စားလှယ်များအားကူညီရန် မေတ္တာ ရပ်ခံခြင်းသည် လက်တွေ့မကျ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က သုံးသပ်သည်။

‘‘တကယ်တမ်း ဒီကိစ္စတွေ ဆောင်ရွက်ရမှာက ဌာနရဲ့တာ ဝန်ပဲ။ ဌာနက ဆောင်ရွက်မှရမှာ။ အဓိကက ပြည်သူတွေ အခွန် ဆောင်ချင်လာအောင် ဌာနက ဆောင်ရွက်ရမှာ။ အခွန်ဆောင် ခြင်းအားဖြင့် ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိသလဲ၊ အခွန် ဆောင်နေတဲ့ သူတွေအတွက် ဌာနအနေနဲ့ ဘယ်လိုထောက်ခံ ချက်တွေ အပြည့်အဝ ပေးနိုင် သလဲ။ ဒါတွေက ပြည်သူတွေ လို လားတာပေါ့။ ကျွန်မတို့ လွှတ် တော်ကိုယ်စားလှယ်တွေက ပြည် သူတွေနဲ့တွေ့တဲ့အချိန်မှာ စည်း ရုံးလှုံ့ဆော်ပေးတာလောက်ပဲ လုပ်လို့ရမယ်’’ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့ သည်။

အခွန်ကောက်ခံသည့် နည်း လမ်းစနစ်ကျရန်သာ လိုအပ်ပြီး စနစ်ကျနေပါက လွှတ်တော် ကိုယ်စားလှယ်များ ကြားဝင်ကူညီ ရန် မလိုအပ်ကြောင်း ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင်ထွန်း နိုင်က မှတ်ချက်ပြုသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်သည် မကြာမီတွင် ကုန်ဆုံးတော့မည် ဖြစ်၍ အခွန်ကောက်ခံရမည့် ဝန်ကြီးဌာန ရှစ်ခုနှင့် နေပြည် တော်ကောင်စီရုံးများအနေဖြင့် ပြုပြင်ပြီး ခန့်မှန်းခြေ လျာထား ချက်အတိုင်း ပြည့်အဝ အခွန် ကောက်နိုင်ရေးအတွက် မူဝါဒ များ၊ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ကြိုးပမ်းဆောင်ရွက်နေ ကြောင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနအနေဖြင့် ရသင့်ရထိုက်သည့် အခွန်များ လွတ် ကင်းမှု မရှိစေဘဲ အပြည့်အဝ ကောက်ခံရရှိရန် ဆောင်ရွက်နေ ကြောင်း ဒုဝန်ကြီးက လွှတ်တော် သို့ တင်ပြသည်။

အစိုးရသစ် သက်တမ်း ပထမနှစ်ခြောက်လပတ်အတွင်း အခွန်စုစုပေါင်း ကျပ် ၂,၅၄၈ ဒသမ ၄၀၁ ဘီလီယံ ကောက်ခံရရှိခဲ့သည်။

7 Day

No comments:

Post a Comment