Latest News

Thursday, February 16, 2017

ဝါဆို ဆရာတော်ရဲ့ အရိုးပြာကို ဧရာဝတီမြစ် အတွင်း ရေမျှော ပူဇော်မည်

ဝါဆို ဆရာတော်ရဲ့ အရိုးပြာကို ဧရာဝတီမြစ် အတွင်း ရေမျှော ပူဇော်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

ဝါဆိုဆရာတော်ရဲ့ အရိုးပြာကို ဧရာဝတီမြစ် အတွင်း ရေမျှောပူဇော်မှာ ဖြစ်တယ်လို့ မန္တလေးတိုင်း၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက သိရပါတယ်။

ရေမျှော ပူဇော်ပွဲကို ယခုလ ၁၉ ရက်၊ ညနေ ၄ နာရီက စတင် ကျင်းပမှာပါ။

ဆရာတော်ရဲ့ အရိုးပြာကို မြစ်ဆိပ်ကနေ ကရဝိက် ဖော်တော် ရေယာဉ်နဲ့ သယ်ဆောင်ကာ မင်းကွန်း ဘက်ကို ဆန်မှာ ဖြစ်ပြီး မိုးမိတ်ကျောင်း အနီး ရေကြောင်းမှာ အရိုးပြာချဖို့ စီစဉ်ထားတယ်လို့ မန္တလေးတိုင်း၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း က ပြောပါတယ်။

လူဦးရေ (၈၀၀) ဆံ့တဲ့ ကရဝိက် ဖောင်တော်ကို လူဦးရေ (၂၅) ဦးဆံ့တဲ့ သဘောင်္လေးစီး ခြံရံပြီး ထွက်ခွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အေးစုမွန်kumudra

No comments:

Post a Comment