Latest News

Thursday, February 16, 2017

စစ်ကိုင်း မှ-မင်းကွန်းယဉ်ကျေးမှုဒေသသို့ သွားရာ လမ်းဘေးဝဲယာရှိ ကျူးကျော်ထားသော မြေနေရာများအား ရှင်းလင်းမည်

စစ်ကိုင်း မှ-မင်းကွန်းယဉ်ကျေးမှုဒေသသို့ သွားရာ လမ်းဘေးဝဲယာရှိ ကျူးကျော်ထားသော မြေနေရာများအား ရှင်းလင်းမည်


စစ်ကိုင်းမြို့မှ မင်းကွန်းယဉ်ကျေးမှုဒေသသို့ သွားရာ လမ်းဘေးဝဲယာတစ် လျောက်တွင် ကျူးကျော်တည်ဆောက်ထားသော အိမ်များ၊မြေယာများ အား ရှင်းလင်းသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်မှ ပြောကြားသွားကြောင်း တိပိဋက-ဓမ္မ နာဒ ပရိယတ္တိ စာသင် တိုက်မှ နာယကဆရာတော်ဦးကေသရ ထံက သိရသည်။ယခုလ (၁၃)ရက်နေ့ မွန်းလွဲချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်များ မင်းကွန်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ပြီး မင်းကွန်းတောင်ရိုးရှိ ကျေးဇူးတော်ရှင် မင်းကွန်း ဆရာ တော်ဘုရားကြီး သီတင်း သုံးတော်မူခဲ့သော တိပိဋက-ဓမ္မ နာဒ ပရိယတ္တိ စာသင်တိုက်သို့ လာရောက်ဖူးမြှော်စဉ် ကျောင်းအုပ် ဆရာတော် ရွှေစင်တိပိဋကဓရ၊ဓမ္မ ဘဏ္ဍာ ဂါရိက ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ အလင်္ကာရ အား ယင်းကဲ့သို့ လျှောက်ထားသွားခဲ့ကြောင်း တိပိဋက-ဓမ္မ နာဒ ပရိယတ္တိ စာသင်တိုက်မှ နာယကဆရာတော်  ဦးကေသရက မိန့်ကြား သည်။''စစ်ကိုင်း - မင်းကွန်းလမ်းမှာ ဟိုဘက် ဒီဘက် အိမ်ခြေတွေက တိုးချဲ့ လာတာရှိတာကိုး၊အဲလို တိုးချဲ့လာပြီ ကျူးကျော် ဆောက်လုပ် ထားတဲ့ အိမ်ယာမြေ တွေကို  ယခင်အစိုးရလက်ထပ်က ချမှတ်ထားတဲ့ စည်း ကမ်းဥပဒေဘောင်  လမ်း ဥပဒေ အမိန့်စာအတိုင်း  ပြန်လည်ပြုပြင် မွမ်းမံပြီ လမ်းကိုတိုးချဲ့ ဆောင် ရွက်ပေးသွားမယ်ဆိုတဲ့ အကြောင်းကို စစ်ကိုင်း တိုင်း ဝန်ကြီး ချုပ် က ရွှေစင်ဆရာတော်ဘုရားကြီးကို လျောက်တင် ခဲ့
တယ်၊ဘယ် နေ့ အကောင်အထည်ဖော်ဆောင်ရွက်မလဲ တော့ အသေ အချာ မသိရ သေးပါဘူး "ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။

ထိုအပြင် မင်းကွန်းကျေးရွာမှ - ကျေးဇူးတော်ရှင် မင်းကွန်း ဆရာ တော် ဘုရားကြီး သီတင်း သုံးတော်မူခဲ့သော တိပိဋက-ဓမ္မ နာဒ ပရိယတ္တိ စာသင်တိုက်သို့ လာရာ လမ်းတစ်လျောက်ရှိ  ကျူးကျော်ထားသောမြေနေ ရာများကိုလည်း ရှင်းလင်းပြီး လမ်းပိုင်းကို ပြန်လည်ပြုပြင်မွမ်းမံပေးမည် အကြောင်းကိုလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်မှ ရွှေစင် ဆရာတော်ဘုရားကြီးအား လျှောက်ထားခဲ့ကြောင်း တိပိဋက-ဓမ္မ နာဒ ပရိယတ္တိ စာသင်တိုက်မှ နာယကဆရာတော် များထံက သိရသည်။

ရတနာပုံသတင်းစာ

ဓါတ်ပုံ - စစ်ကိုင်းတိုင်းအစိုးရအဖွဲ့

No comments:

Post a Comment