Latest News

Wednesday, February 22, 2017

တ.က.သ အဆောက်အဦး ပြန်လည်တည်ဆောက်ဖို့ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းမည်

တ.က.သ အဆောက်အဦး ပြန်လည်တည်ဆောက်ဖို့ ဖြစ်မြောက်ရေး

ကော်မတီ ဖွဲ့စည်းမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ - တ.က.သ အဆောက်အဦး ပြန်လည်တည်ဆောက်ဖို့ လာမယ့် ဖေဖော်ဝါရီ ၂၈ရက်နေ့ တော်ဝင်နှင်းဆီမှာ အစည်းအဝေးကျင်းပပြီး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းမယ်လို့ သိရပါတယ်။

” အခုက ဒီနေ့အစည်းအဝေးမှာ တ.က.သ အဆောက်အဦးပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့ ကို ဖွဲ့စည်းတာ ရန်ကုန်တက္ကသိုလ်ရဲ့ သမဂ္ဂ ၆၂က ဗုံးခွဲခံရပြီးတဲ့နောက်မှာ ဒီနေ့ အထိ ကျွန်တော်တို့ ကြိုးပမ်းခဲ့တာ အရေးကြီးတဲ့ ၈၈အရေးအခင်းမှာလည်း သမ္မတတစ်ဦးက သမဂ္ဂအဆောက်အဦး ပြန်လုပ်ပေးမယ်ပြောတယ်။တကယ်တမ်းဘာမှမလုပ်ဖြစ်ဘူး ကျွန်တော်တို့ တောက်လျှောက် ကြိုးစားလာတာ ဒီအစိုးရလက်ထက်မှာတော့ ခွင့်ပြုချက်ရပြီ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ကိစ္စ ဖြစ်လာပြီဆိုတော့ အမြန်ဆုံးပဲ လုပ်မှာပါ ” လို့ တ.က.သ အဆောက်အဦးပြန်လည်တည်ဆောက်ရေးကော်မတီဖွဲ့စည်းရေးအဖွဲ့ မှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း က ပြောပါတယ်။



ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ တ.က.သ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီ ဖွဲ့စည်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါ အဖွဲ့မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CECတွေ၊ ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်တွေ အပါအဝင် ၂၁ဦး ပါဝင်တယ်လို့သိရပါတယ်။

အဲဒီအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၈ရက်နေ့မှာဖွဲ့စည်းမယ့်ဖြစ်မြောက်ရေးကော်မတီပေါ်ပေါက်လာအောင် ဖိတ်ကြားရေးတွေလုပ်ကိုင်ဆောက်ရွက်သွားရမယ်လို့သိရပါတယ်။


” အဲ့အစည်းအဝေးကနေသာ တ.က.သ အဆောက်အအုံကြီး ပြန်လည်တည်ဆောက်ဖို့ အတွက် ကော်မတီ ပေါ်လာမှာဖြစ်တယ် အဲ့ကော်မတီကနေ ဘဏ္ဍာရေးကိစ္စတွေ အဆောက်အဦးပုံစံတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမယ်ဆိုတာ သူတို့ဘာ သူတို့ စဉ်းစားသွားကြမှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ် တနိုင်ငံလုံးမှာရှိတဲ့ တစ်ကျောင်းချင်းဆိုင်ရာ သမဂ္ဂတွေကော မျိုးဆက်ဟောင်းတွေပါ ဖိတ်သွားမှာဖြစ်ပါတယ်” လို့ ၈၈ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး က ပြောပါတယ်။


တ.က.သ အဆောက်အဦး ဆောက်လုပ်ရာမှ အစိုးရရဲ့ ထောက်ပံ့ငွေနဲ့ ဆောက်မှာမဟုတ်ဘဲ ပြည်သူလူထုဆီက ထည့်ဝင်ငွေ နဲ့သာ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် ဖေဖော်ဝါရီ ၁၅ရက်နေ့မှာ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်ခဲ့ပြီး ဒီနေ့ ကတော့ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

အောင်လေး

ဓာတ်ပုံ - ဦးမျိုးခိုင်

Kumudra




No comments:

Post a Comment