Latest News

Wednesday, February 22, 2017

ထိုင်းနိုင်ငံအကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားဦးရေ ၄,ဝဝဝ ခန့်ရှိဟုဆို

ထိုင်းနိုင်ငံအကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရသော


မြန်မာနိုင်ငံသားဦးရေ ၄,ဝဝဝ ခန့်ရှိဟုဆို


ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် ဖမ်းဆီး ခံထားရသော မြန်မာနိုင်ငံသား ဦးရေ ၄,ဝဝဝခန့်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောဆိုသည်။ ထိုင်း–မြန်မာနယ်စပ် တစ်လျှောက်ရှိ ရနောင်း၊ မဲဆောက်၊ တာချီလိတ်နှင့်
ထီးခီးနယ်စပ်များတွင် မူးယစ်ဆေးသုံးစွဲမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ သစ်ခုတ်မှုများဖြင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ စာရင်းကို ထိုင်းအကျဉ်းဦးစီး ဌာနများထံ တောင်းခံပြီး မြန်မာနိုင်ငံ အစိုးရသို့
တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ဦးမိုးအောင်ခိုင်က ''နယ်စပ် အကျဉ်းထောင် စခန်းတွေကို
ရောက်တုန်း မေးကြည့်တော့ တရားမဝင် ဝင်ရောက်မှုနဲ့ သစ်ခုတ်တဲ့ လူအရေအတွက် များတယ်လို့ သိရတယ်။ အရင်နှစ်က စာရင်းတော့ မသိရဘူး'' ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် ဗီဇာဖြင့် တရားဝင် သွားရောက် လုပ်ကိုင်နေကြ သူများ အနေဖြင့် ထိုင်းနိုင်ငံအတွင်း လှည့်လည် သွားလာပါက ထိုင်းအာဏာပိုင်များက ဖမ်းဆီးခြင်း၊ အချုပ်ချခြင်းနှင့် ငွေတောင်းခံခြင်း တို့ကို ပြုလုပ်လျက် ရှိသည့်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားတို့၏ ဘဝလုံခြုံမှု
အားနည်းလျက်ရှိကြောင်း မဟာချိုင်တွင် စက်ရုံလုပ်ငန်း
လုပ်ကိုင်နေသော နော်လှလှဇင်က ပြောဆိုသည်။

''အပြင်သွားရင် နယ်ကျော်လို့မရဘူး။ ထောင်ချတယ်။
အဲဒီတော့ တကယ်တရားဝင် အလုပ်လာလုပ်တဲ့ လူတွေလည်း အခက်အခဲ ရှိနေတယ်။ နောက်ပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေ အလုပ်လာလုပ်တာ အများဆုံး နိုင်ငံဆိုတော့ မြန်မာအစိုးရအနေနဲ့လည်းကိုယ့်နိုင်ငံသားတွေရဲ့အကျဉ်းသားစာရင်းကို တိတိကျကျနဲ့ စာရင်းကောက်ပြီး မြန်မာပြည်က မိသားစုတွေကို အသိပေးသင့်တယ်'' ဟု ပြောဆိုသည်။။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ် လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား စုစုပေါင်း လေးသန်းခန့် ရှိကြောင်း သိရသည်။

(ရန်ကုန် ဖေဖော်ဝါရီ ၂ဝ)

ဖိုးစိုးသူ

The Myanmar Times

No comments:

Post a Comment