Latest News

Wednesday, February 22, 2017

မွေးခါစမှာ ပေါင်မပြည့်တဲ့ကလေးငယ်တွေ အသက်ကြီးရင် စိတ်ရောဂါခံစားရနိုင်ဟု ဆို

မွေးခါစမှာ ပေါင်မပြည့်တဲ့ကလေးငယ်တွေ အသက်ကြီးရင် စိတ်ရောဂါခံစားရနိုင်ဟု ဆို

မွေးခါစမှာ ကိုယ်အလေးချိန် အရမ်းနည်းတဲ့ကလေးငယ်တွေမှာ စိတ်ရောဂါခံစားရနိုင်ခြေဟာ ပုံမှန်ထက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၃ – မွေးကင်းစအရွယ်မှာ ကိုယ်အလေးချိန်အရမ်းနည်းတဲ့ ကလေးငယ်တွေဟာ အသက်ကြီး လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရနိုင်ခြေပိုများတယ်လို့ လေ့လာမှုအသစ်တစ်ရပ်မှာသုံးသပ်ထားပါတယ်။
သုတေသီတွေဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သုတေသန ၄၁ ခုကိုလုပ်ဆောင်ခဲ့ပါတယ်။ သုတေသနတွေမှာ မွေးခါစအရွယ်မှာ ၁၀ဝ၀ ဂရမ် ဒါမှမဟုတ် နှစ်ပေါင်ကျော်ကျော်သာရှိတဲ့ ကလေးငယ် အယောက် ၂၇၀ဝ ကျော်နဲ့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ အခြားနိုင်ငံ ၁၀ နိုင်ငံက မွေးခါစမှာပုံမှန်ကိုယ် အလေးချိန်ရှိတဲ့ ကလေးငယ်အယောက် ၁၁,ဝ၀ဝ ကျော်ကို လေ့လာခဲ့ပါတယ်။
မွေးခါစမှာ ကိုယ်အလေးချိန်အရမ်းနည်းတဲ့ ကလေးငယ်တွေမှာ စိတ်ရောဂါခံစားရနိုင်ခြေဟာ ပုံမှန်ထက်ပိုများနေ တာကိုတွေ့ရှိခဲ့ရပါတယ်။ မွေးကင်းစမှာ ကိုယ်အလေးချိန်အရမ်းနည်းတဲ့ ကလေးငယ်တွေဟာ Attention Deficit Hypera-ctivity Disorder (ADHD) ဝေဒနာကို ခံစားရနိုင်ခြေပိုများနေသလို ဆယ်ကျော်သက် အရွယ်ရောက်တဲ့အခါမှာလည်း ADHD ခံစားရနိုင်ခြေဟာ ပုံမှန်ထက်ပိုများနေပြီး လူမှုရေးပြဿနာတွေနဲ့ရင် ဆိုင်ရနိုင်ပါတယ် လို့လည်းသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ပုံမှန်ကိုယ်အလေးချိန်နဲ့ မွေးဖွားလာတဲ့ အရွယ်ရောက်သူတွေနဲ့ မွေးခါစမှာကိုယ်အလေးချိန်အရမ်းနည်းခဲ့တဲ့  အရွယ်ရောက်သူတွေကို နှိုင်းယှဉ်လ့လာတဲ့အခါမှာတော့ ကိုယ်အလေးချိန်နည်းတဲ့သူတွေဟာ ပုံမှန်ကိုယ် အလေးချိန် ရှိသူတွေထက် စိတ်ပူပန်မှုပိုများလာသလို စိတ်ဓာတ်ကျဖို့လည်းပိုလွယ်ပြီးကြောက်စိတ်လည်း ပို များတာကိုတွေ့ရတဲ့အပြင် လူမှုဆက်ဆံရေးပိုင်းမှာလည်း သိသိသာသာအားနည်းတာကိုတွေ့ရှိရပါတယ်လို့ လေ့လာမှုအရသိရ ပါတယ်။
သည်တွေ့ရှိချက်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ထုတ်ဝေတဲ့ Psychological Bulletin ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
‘ကျွန်မတို့ရဲ့တွေ့ရှိချက်က မွေးခါစမှာကိုယ်အလေးချိန် အရမ်းနည်းတဲ့ ကလေးငယ်တွေဟာ ပုံမှန်ကိုယ်အလေး ချိန်ရှိတဲ့ ကလေးငယ်တွေထက် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေခံစားရနိုင်ခြေပိုများနေတာကိုတွေ့ရှိရနိုင်ပါ တယ်လို့ အထောက်အထားဖော်ပြပေးတာဖြစ်ပါတယ်၊ ဒီစိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေထဲမှာ အာရုံစူးစိုက်နိုင်စွမ်းအားနည်းတာ၊ စိတ်ပူပန်စိုးရိမ်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေနဲ့ လူမှုဆက်ဆံရေးပြဿနာ တွေကို မကြာခဏခံစားကြုံတွေ့ ရမှုတွေပါဝင်ပါတယ်လို့ သုတေသနကို ဦးဆောင်လုပ်ကိုင်တဲ့ Karen Mathewsonက ဂျာနယ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားရနိုင်ခြေတိုးလာတာဟာ ကလေးအရွယ်မှာစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဇီဝကမ္မဆိုင်ရာတုံ့ပြန်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်လို့လည်း သူက သုံးသပ်ထားပါတယ်။

Author – မအေးသီမွန်
[ref: UPI, Feb 13, 2017.]
Kumudra

No comments:

Post a Comment