Latest News

Tuesday, February 21, 2017

ပုသိမ်မြို့တွင် ကိတ်မုန့်အတွင်းထည့်၍ သယ်ဆောင်လာသော စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းမိ

ပုသိမ်မြို့တွင် ကိတ်မုန့်အတွင်းထည့်၍ သယ်ဆောင်လာသော

စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းမိ



WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား အပြား ၁၀၀ ကို ကိတ်မုန့်အတွင်း ထည့် သွင်းသယ်ဆောင်လာသော အ သက် (၃၃)နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖေဖော်ဝါရီ ၂၀ ရက် က ပုသိမ်မြို့ င၀န်ကျွန်းသာလမ်း ၌ ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့ မရဲစခန်းမှ သိရသည်။

ပုသိမ်မြို့ အမှတ် (၇) ရပ် ကွက် အောင်သိဒ္ဓိလမ်းတွင် နေထိုင်သည့် အမျိုးသားသည် ကိတ်မုန့်အတွင်း စိတ်ကြွဆေးပြားများကို ထည့်၍ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းဖမ်း ဆီးရေးအဖွဲ့က ဖမ်းဆီးအရေးယူ ခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးသူက ပြောကြားသည်။

‘‘မူးယစ်ဆေးဝါးတွေ သယ် လာတယ်ဆိုတာကို အမှတ်မထင် ပုံစံမျိုးနဲ့ ဆိုင်ကယ်ခွကြားမှာ ကိတ်မုန့်ထဲ ထည့်ပြီး ညှပ်လာ တာ။ ဒီမူးယစ်ဆေးဝါးတွေကို တခြားနေရာကနေ သယ်လာတာ လို့ သိရတယ်။ ဆက်စပ်ပါဝင်သူ တွေကို ဖမ်းဆီးမိဖို့ကြိုးစားနေပါ တယ်’’ဟု ပူးပေါင်းဖမ်းဆီးရေးအ ဖွဲ့တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများ လက် ၀ယ်ဖမ်းဆီးမိသူကို ပုသိမ်မြို့မရဲ စခန်းက မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၉ (က)ဖြင့် အမှုဖွင့်ထားပြီး တရားစွဲဆိုနိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။



7Day News Journal

No comments:

Post a Comment