Latest News

Tuesday, February 21, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်အောင်နိုင်ရေး ရန်ကုန်တိုင်း ဒေသကြီး၌ ဦးဝင်းမြင့် သုံးရက်ကြာ မဲဆွယ်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်အောင်နိုင်ရေး ရန်ကုန်တိုင်း

ဒေသကြီး၌ ဦးဝင်းမြင့် သုံးရက်ကြာ မဲဆွယ်မည်


ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဒီချုပ်)အောင်နိုင်ရေးအ တွက် ပါတီအတွင်းရေးမှူးအဖွဲ့ ၀င် ဦးဝင်းမြင့်က ရန်ကုန်တိုင်း ဒေသကြီး၌ မတ်လဆန်းတွင် သုံး ရက်ကြာ မဲဆွယ်မည်ဖြစ်ကြောင်း ယင်းပါတီအဖွဲ့ဝင်များထံမှ သိရ သည်။

ဒီချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင်ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ် သည့် ဦးဝင်းမြင့်သည် မတ်လ ၂ ရက်မှ ၄ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး၌ ပါတီအနိုင်ရရှိရေး အတွက် မဲဆွယ်ပေးမည်ဖြစ် သည်။

ထိုသို့ ဦးဝင်းမြင့်က မဲဆွယ် ပေးမည့်အကြောင်းကို ရန်ကုန် တိုင်းဒေသကြီးရှိ လစ်လပ်မဲဆန္ဒ နယ်များမှ ပါတီအလုပ်အမှု ဆောင်များ၊ လွှတ်တော်ကိုယ် စားလှယ်လောင်းများနှင့် ဖေဖော် ၀ါရီ ၂၀ ရက်က ပါတီဌာနချုပ်၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အသိပေးခဲ့သည်။

‘‘သုံးရက်ကြာ မဲဆွယ်ပေး မယ်ဆိုတဲ့အကြောင်းတော့ သိရ တယ်။ ဘယ်ရက်မှာ ဘယ်နေရာ တွေ မဲဆွယ်ပေးမယ်ဆိုတာတော့ အသေးစိတ်မသိရသေးဘူး’’ဟု ကြားဖြတ်ရွေးကောက်ပွဲတွင်လှိုင် သာယာမဲဆန္ဒနယ်၌ ဒီချုပ်ကို ကိုယ်စားပြုကာ ၀င်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဝင်းမင်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ဒီချုပ် ပါတီအောင်နိုင်ရေးအတွက် ပါ တီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဲဆွယ်စည်းရုံးမှုများ ပြုလုပ် ပေးခဲ့သည်။

သို့သော်လက်ရှိတွင် ဒေါ် အောင်ဆန်းစုကြည်သည် ပြည် ထောင်စုအစိုးရအဖွဲ့၌ တာဝန် ထမ်းဆောင်နေရသဖြင့် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ အရ ပါတီလုပ်ငန်းများကို ၀င် ရောက်လုပ်ကိုင်ခွင့် မရှိသော ကြောင့် ၎င်း၏ကိုယ်စားဦးဝင်းမြင့် က ပါတီအောင်နိုင်ရေး မဲဆွယ် ပေးခြင်းဖြစ်သည်ဟု ဒီချုပ်ပါတီ ၀င်အချို့ကဆိုသည်။

ဖေဖော်ဝါရီအတွင်း ပြုလုပ် ခဲ့သော ရုပ်မြင်သံကြားမှပါတီအ လိုက် မဲဆွယ်မှုတွင်လည်း ဦးဝင်း မြင့်သည် ဒီချုပ်အောင်နိုင်ရေးအ တွက် ပါတီ၏ မူဝါဒ၊သဘောထား နှင့် လုပ်ငန်းစဉ်များကို ဟောပြော ပေးခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ရှိသည့်အနက် ရန်ကုန် တိုင်းတွင် ပြည်သူ့လွှတ်တော် လေးနေရာနှင့် အမျိုးသားလွှတ် တော် တစ်နေရာတို့ လစ်လပ်နေ သည်။

ပြည်သူ့လွှတ်တော်လေးနေ ရာတွင် လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)၊ ကော့မှူးတို့ပါဝင်ကာ အ မျိုးသားလွှတ်တော်တစ်နေရာ တွင် ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊  လမ်းမ တော်နှင့် အလုံမြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များတွင် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည်ဖြစ် သည်။

7Day News Journal

No comments:

Post a Comment