Latest News

Thursday, February 23, 2017

ချောင်းသာမှ ပုသိမ်မြို့သို့ ဆိုင်ကယ် ၉ စီး လာရောက် ခိုးယူသူများ ဖမ်းဆီးရမိ

ချောင်းသာမှ ပုသိမ်မြို့သို့ ဆိုင်ကယ် ၉ စီး လာရောက် ခိုးယူသူများ ဖမ်းဆီးရမိ


ချောင်းသာကမ်းခြေဒေသမှ ပုသိမ်သို့ လာရောက်၍ ဆိုင်ကယ်ခိုးယူသူများအား ပုသိမ်မြို့မရဲစခန်းက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ခိုးယူခဲ့သော ဆိုင်ကယ် ၉ စီးအား ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးနေမှုများ များပြားလာသဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း၏ ကြီးကြပ်မှုဖြင့် ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မိမိနယ်မြေအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများအား လိုက်လံစုံစမ်း ခဲ့ကြရာ (၁.၂.၂၀၁၇) ရက်နေ့ ကင်မလင်းကျွန်း ရထားလမ်းဘေးတွင် ချောင်းသာမှလာသော ဇင်ကို (ခ) အငယ်ကောင်နှင့် သားပု (ခ) ရီဝေယံထွန်း တို့အား အမာခံသတင်းပေးများ အကူအညီဖြင့် ဖမ်းဆီးရမိပြီး စနစ်တကျစစ်ဆေးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းက
သတင်းထုတ်ပြန်သည်။

စစ်ဆေးမှုအရ ၄င်းတို့ (၂) ဦးသည် ၂၀၁၆ ခုနှစ်မှ ယခုဖမ်းဆီးသည့် ကာလအတွင်း ချောင်းသာမှ ပုသိမ်မြို့သို့ လာရောက်ပြီး ပုသိမ်မြို့နေရာအနှံမှ ဆိုင်ကယ် (၉) စီးအားခိုးယူပြီးဓနုဖြူမြို့ နှင့် ချောင်းသာမြို့များတွင် ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဓနုဖြူမြို့သို့ သွားရောက်ပြီး တရားခံများ ရောင်းချထားသော ဆိုင်ကယ် (၃) စီးအား ဓနုဖြူမြို့မရဲစခန်းမှ ရဲအုပ် ရန်နိုင်ထွန်းနှင့် ပူးပေါင်းပြီးလည်းကောင်း ချောင်းသာသို့ သွားရောက်ပြီး တရားခံများ ရောင်းချထားသော ဆိုင်ကယ် (၆) စီးအား ချောင်းသာရဲစခန်းမှ ဒုရဲအုပ် ဝဏ္ဏအောင်တို့နှင့်ပူးပေါင်းပြီး လိုက်လံသိမ်းဆည်းပြီးဖြစ်
ကြောင်း သိရသည်။

'တရားခံများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ပြီးဖြစ်သော ကြောင့် ပုသိမ်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးဘူးသူများမှ အထောက်အထားများဖြင့် ပုသိမ်မြို့မရဲစခန်း (ကမ္ဘောဇဘဏ်ရှေ့) တွင် လာရောက်စုံစမ်း ကြည့်ရှူနိုင်ပါကြောင်း'ပုသိမ်မြို့မ

ဓာတ်ပုံ - Zaw Min Tun's Facebook
ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။
The Ayeyarwaddy Times
ဖေဖော်ဝါရီ ၂၄ (ပုသိမ်)

No comments:

Post a Comment