Latest News

Saturday, February 25, 2017

မြန်မာအိုင်ဒေါပြိုင်ပွဲဝင်အချို့ကို မဲပေးရန် စည်းရုံးလှုံ့ဆော်နေ

မြန်မာအိုင်ဒေါပြိုင်ပွဲဝင်အချို့ကို မဲပေးရန် စည်းရုံးလှုံ့ဆော်နေ

မြန်မာအိုင်ဒေါပြိုင်ပွဲ ဆန်ခါတင် ခြောက်ဦးအဆင့်သို့ ရောက်ရှိလာသောကြောင့် ပြိုင် ပွဲဝင်အချို့၏ ဒေသများတွင် ပြိုင်ပွဲဝင်များအား မဲပေးရန် လှုံ့ဆော်မှု များ ပြုလုပ်လာသည်။

အပတ်စဉ် ပရိသတ်မဲအရေ အတွက် အများဆုံးရရှိနေသည့် ရဲနောင်အတွက် မအူပင်မြို့မှ ဒေသခံများက ကားများဖြင့်လှည့် လည်လှုံ့ဆော်နေကြောင်း ယင်းအစီအစဉ်တွင် ပါဝင်ကူညီနေ သော မအူပင် ကျော်လွှားက ပြောကြားသည်။

ရဲနောင်အတွက် ဆန်ခါတင် ၁၀ ဦးတွင် ပါဝင်သည့်အချိန်က စ၍ မအူပင်မြို့၏ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ပြိုင်ပွဲကို မြို့ခံများစုစည်းကြည့်ရှုကာ MPT ငွေဖြည့်ကတ်များဝေငှပြီး မဲပေးရန် ပြုလုပ်ခဲ့ကြသည်။ ဆန်ခါတင်ခြောက်ဦးအဆင့်သို့ ရောက်ရှိလာ၍ မဲအရေအတွက် ပိုမိုရရှိရန်ထပ်မံအရှိန်မြှင့်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာအိုင်ဒေါပြိုင်ပွဲ Top 8 ယှဉ်ပြိုင်မှုတွင် မဲအရေအတွက် အနည်းဆုံးရရှိသောကြောင့် ထွက်ခွာရမည့် အခြေအနေအထိ ရောက်ရှိသော်လည်း ဒိုင်လူကြီး များ၏ ကယ်တင်မှုကြောင့် ဆန်ခါတင်ခြောက်ဦးအထိ ပါဝင်ခဲ့သည့် ပိုးမီအတွက် ပုတီးကုန်းမြို့ဒေသခံ များက မဲပေးရန် ကားများတွင်ဗီနိုင်းများချိတ်၍ လှုံ့ဆော်ခဲ့သည်။ထို့အပြင် ‘ပုတီးကုန်းမြို့ဆောင် ပိုးမီကို အားပေးကြပါစို့’ဟု ပိုးမီ၏ပုံနှင့်အတူ မဲပေးရမည့် ပုံစံများပါ ထည့်သွင်းရေးသားထားသည့် လက်ကမ်းစာစောင်များ ဝေငှခြင်းပြုလုပ်နေသည်။

မြန်မာအိုင်ဒေါပြိုင်ပွဲတွင် ပရိသတ်အားပေးမှုရရှိသော ပြိုင် ပွဲဝင်တစ်ဦးဖြစ်သည့် သားငယ်အ တွက်လည်း သားငယ်၏ ဓာတ်ပုံ နှင့် ‘ဖျာပုံပရိသတ်ကြီး မင်္ဂလာ ပါ။ ဖျာပုံမြို့ဟာ ကျွန်တော့်ဘဝ ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ တယ်။ ရွှေပြည်အေးဆန်စက်ဝန် ထမ်းလေးပါ။ ကျွန်တော့်ကို Voting No.2 ပေးပြီးအားပေးပါ’ ဟု ရေးသားထားသည့် ဗီနိုင်းများ ကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

READ  လိင် ပြောင်းလဲထားတဲ့ Caitlyn Jenner က Angelina Jolie ရဲ့ ဖက်ရှင်စတိုင်တွေကို မှီငြမ်းလေ့ရှိတယ်လို့ဆို
ထို့အပြင် အခြားပြိုင်ပွဲဝင် များကိုလည်း ၎င်းတို့၏ အမာခံ ပရိသတ်များက မဲရရန် လူမှုကွန် ရက်စာမျက်နှာပေါ်မှတစ်ဆင့် လှုံ့ဆော်မှုများ ရှိခဲ့သည်။ ဖေ ဖော်ဝါရီ ၂၃ ရက်ညတွင် မြန်မာ အိုင်ဒေါပြိုင်ပွဲ၏ ဆန်ခါတင် ခြောက်ဦး ယှဉ်ပြိုင်သည့်အစီအ စဉ်တွင် ဝင်းဦး၏ တေးသီချင်း များဖြင့် ဖျော်ဖြေရမည်ဖြစ်ပြီး ဖေ ဖော်ဝါရီ ၂၃ ရက် ယှဉ်ပြိုင်ပြီးချိန် မှ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီအထိ MPT ဆင်းမ်ကတ်ဖြင့် 7777 ကို ရိုက်နှိပ်၍ မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်၏နံပါတ်ကို ပေးပို့၍ မဲပေးနိုင်မည်ဖြစ် သည်။

မဲအရေအတွက် အနည်းဆုံး ရရှိသူသည် ပြိုင်ပွဲမှထွက်ခွာရ မည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များက လည်း အရည်အချင်းရှိသူများကို မဲပေးရန် တိုက်တွန်းထားသည်။ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ ဖုန်း နံပါတ်တစ်ခုတည်းဖြင့် အရေအတွက်အကန့်အသတ်မရှိ မဲပေး ခြင်းကို ပရိသတ်များက ဝေဖန် နေကြပြီး အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များ Bottom 3 တွင် ထိုင်ရသည့်အပေါ်တွင်လည်း ဝေ ဖန်မှုများရှိခဲ့သည်။

မြန်မာအိုင်ဒေါ၏ ဆန်ခါ တင်ခြောက်ဦးမှာ သားငယ်၊ ဇင် ကြီး၊ ဘီလီလမင်းအေး၊ ရဲနောင်၊ ပိုးမီနှင့် မိုင်းမိုင်ဆန်တို့ ဖြစ်သည်။

Credit: 7Day

No comments:

Post a Comment