Latest News

Saturday, February 25, 2017

တိုက်ခန်း ထဲမှာ သုံးနှစ်ကျော်ကြာ လှောင်ပိတ်ခံခဲ့ရတဲ့ မော်ဒယ် ကောင်မလေး

တိုက်ခန်း ထဲမှာ သုံးနှစ်ကျော်ကြာ လှောင်ပိတ်ခံခဲ့ရတဲ့ မော်ဒယ် ကောင်မလေး

တိုက်ခန်း ထဲမှာ သုံးနှစ်ကျော်ကြာ လှောင်ပိတ်ခံခဲ့ရတဲ့ မော်ဒယ် ကောင်မလေး စုချစ်ဇော်နဲ့ လွှမ်းပိုင် MTV ထဲမှာပါခဲ့တဲ့ သရုပ်ဆောင်လေးပါ ချစ်ရယ်အဲ့လောက်ကြီး ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး 2014 လောက်ကတည်းသူ့ကောင်လေးနဲ့ ကိုယ်နဲ့ မိတ်ဆက်ပေးပြီးတဲ့နောက် အဆက်အသွယ် တွေပြတ်သွားခဲ့တာ အော်ကိုယ်ကလည်း သူအိမ်ထောင်ကျသွားပြီ သူ့အိမ်ထောင်နဲ့သူ အဆင်ပြေနေပြီပေါ့ လို့ဘဲထင်ထားခဲ့တာ သူကိုယ့်ကို အဆက်အသွယ် မလုပ်တာတော့သတိထားမိတယ် အော်သူမအားလို့ ဒါမှမဟုတ် ph no ပျောက်သွားလို့ အဆက်အသွယ်မလုပ်ဖြစ်တာလို့ဘဲ ထင်ထားခဲ့တာ သူ ကောင်လေးကို တစ်ကယ်ချစ်ခဲ့တာပါ ကိုယ်ကတောင် မေးခဲ့သေးတယ် ချစ်နင်ဒီရက်ပိုင်းမြန်မာ ဝတ်စုံလေးတွေဘဲဝတ်တယ်နော်လို့ သူက ပြောတယ် ငါ့ကောင်လေးက မြန်မာဝတ်စုံလေးတွေဘဲ ဝတ်ခိုင်းလို့တဲ့ ဒါကြောင့် ငါမြန်မာဝတ်စုံလေးတွေဘဲ အမြဲဝတ်နေတာတဲ့ မကြာခင်ကမှ Fb ကနေသူနဲ့အဆက်သွယ် ပြန်ရတယ် ချစ်နင်ဘယ်ပျောက်နေတာလဲ မတွေ့တာကြာပြီနော်နင့် အိမ်ထောင်ကျသွားတာ အဆင်ရော ပြေလားလို့မေးတော့ ငါအဲ့အကြောင်းတွေကို နင့်ကိုပြောပြချင်နေတာတဲ့ 23.2.2017 မနေ့က ချစ်ငါသွန်းခေတ်တဲ့ ငါနင့်ကိုပြောပြမလို့တဲ့ ငါအိမ်ထောင်ကျသွားတာ ဟုတ်တယ်တဲ့ ဒါပေမယ့် သူက ငါ့ကိုမပေါင်းဘူးတဲ့ အိမ်ထဲမှာဘဲ သော့ခေတ်ထားတယ်တဲ့ ပြီးတော့ သူကတစ်ခြားကောင်မလေးတစ်ယောက်နဲ့တွဲနေတာတဲ့ ငါ့ကိုတိုက်ထဲမှာဘဲ ပိတ်ထားတယ် ဘယ်သူနဲ့မှလည်း မဆက်သွယ်ခိုင်းဘူးတဲ့ မိဘတွေကလည်း ငါ့ကို ပြန်မလာနဲ့လို့ ပြောတယ်တဲ့ ( ကောင်လေးရဲ့ ပြောစကားပေါ့ ) ငါတိုက်ထဲမှာဘဲ နေနေရတာတဲ့ နေရောင်နဲ့တောင်မထိတွေ့ရဘူးတဲ့ နင်ကောင်က ဘာလုပ်နေတာလဲမေးတော့ သူကပြန်လာတဲ့ အချိန်မှ ပြန်လာတာတော့ မပြန်လာတာ များတယ်တဲ့ ချစ်တဲ့နင်ငါ့ကိုမြင်ရင်မှတ်မိမှာတောင်မဟုတ်ဘူးတဲ့ ငါအရမ်းပိန်သွားတာတဲ့ အရင်နဲ့လုံးဝမတူတော့ဘူး တဲ့ ဟုတ်ပါတယ် ခုပုံတွေ တွေ့မှဘဲ သူ အရမ်းပိန်ကျသွားတယ် ငါ ထွက်ပြေးလာတာ9.2.2017 ကမှ အိမ်ပြန်ရောက်တယ်တဲ့ ငါ ရုပ်သံတွေမှာInterview တွေလည်းဖြေထားတယ်တဲ့ သူတို့ကတော့ ငါ့ကိုပြောတယ် ရုပ်ဖျက်ပေးမယ်တဲ့ ငါပြောလိုက်တယ် ရပါတယ် ဖျက်စရာမလိုပါဘူးဆိုပြီး ချစ်အဲ့ဒါလေးတွေ ထွက်လာရင် Share ပေးပါတယ် ဒါမှ နောက်မိန်းကလေးတွေ သူ့လိုမဖြစ်အောင်တဲ့ ချစ်ရယ် နင့်ရဲ့ စိတ်ဓာတ်ကို ငါလေးစားမိပါတယ် သူ့ရဲ့ အရှက်ကိုတောင်မငဲ့ဘဲ နောက်လူတွေ သူ့လိုမဖြစ်အောင် ပြောပြသွားရှာတယ် သူကအိမ်ထောင်မကျခင်က အနုပညာလှုပ်ရှားမှုတွေလည်း လုပ်နေတာပါ လွှမ်းပိုင်နဲ့ စုချစ်ဇော် တို့ဆိုထားတဲ့ ချစ်တယ် ဆိုတဲ့ MTV လေးမှာလည်း သရုပ်ဆောင်ထားပါတယ် အရမ်းလည်း ချစ်စရာကောင်းပါတယ် အားလုံးဘဲ သူ့ရဲ့ သတင်းတွေ Interview အစီအစဉ်လေးတွေကြည့်ပြီး Share ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်လို့ သူမသူငယ်ချင်းတစ်ယောက်က facebook မှာတင်ထားခဲ့ပါတယ်။
Credit: Thadintin

No comments:

Post a Comment