Latest News

Saturday, February 11, 2017

လိုတာလေးတော့ ပြောမယ်ကွယ်

လိုတာလေးတော့ြေေပြောမယ်ကွယ်

တချို့ကတော့ ကားစုတ်ကြီးလို့ ပြောကြတယ် ××× တချို့က တော့ ကားကျပ်လွန်းလို့ ပြောကြ တယ်××× ခုဆိုရုံးချိန်အသွားအ ပြန်အဆင်မပြေဘူး××ဒီအတိုင်း သာပြောင်းစီးနေရင် ဒုက္ခပေါ့ကွာ ××× တော်ပြီကွာ ဒီအတိုင်းရှေ့ ဆက်ရင် ××× အလုပ်ပြုတ်ဖို့ များလာ××× ကံကြမ္မာဝဋ်ဒုက္ခ မဆုံးသေးတော့လည်း ××× ခုဆို ရင် တို့မှာရုံးချိန်အသွားအပြန် ××× သေကောင်ပေါင်းလဲ×××

အင်း .... ဟုတ်လာလေနိုး ကောင်းလာနိုးနဲ့ မျှော်ကိုးစောင့် စား ပြည်သူများခမျာ မျက်ပြူး လျှာထွက်၊ သည်းခြေပျက်မတတ် ခံစားနေရပါလေရဲ့ အစပထမ မို့ပါ၊ အသားမကျသေးလို့ပါနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးရုံမက ပြည်သူတွေကိုပါ အသိပေးစည်း ရုံးဆောင်းပါးတွေရေး ဘာတွေ ရေးနဲ့ မသိမသာလော်ဘီကြီးကို ဖြစ်လို့။ ခုတော့အပြင်ကိုလည်း မထွက်ရဲ၊ ကားကျပ်တာလည်း ပါ တာပေါ့။ အိမ်မှာနေလည်း ဖုန်းနဲ့ ဆဲ၊ လူတောထဲလည်း မတိုးဝံ့၊ ကြားကငထွားခမျာ ခါးနာလှချည်ရဲ့။ အနေမတတ်တဲ့ကောင်၊ အာချောင်တဲ့ကောင် ခံရတာနည်း တောင်နည်းသေးလို့ ကိုယ့်ကိုယ် ကိုယ် အပြစ်ပေးနေရပေါ့။

အစပထမအိပ်မက်ထဲမှာ တော့ ကားမှတ်တိုင်မှာ ဣနြေ္ဒလေးနဲ့ ရပ်လို့၊ ငြိမ့်ခနဲလာရပ်တဲ့ လေအေးစက်တပ်ကားကြီးပေါ် ကို ဆင်ထီးယဉ်သာ ခြေလှမ်းလေး နဲ့ တက်လို့၊ အိခနဲနေတဲ့ ဆိုဖာ ခုံပေါ်ထိုင်လို့ အ၀င်ပေါက်မှာ တပ်ဆင်ထားတဲ့ စက်ကကတ်ပြား လေးပြလိုက်ရင် တီခနဲမြည်လို့၊ လမ်းသုံးဆယ်ဆူးလေဆင်းမည့် ခရီးသည်များ အဆင်သင့်ပြုလုပ်ထားပါလို့ သတိပေးသံသာလေး ကြားလို့ အိပ်မက်ကလေးများ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ခုလိုစိတ်ကူးယဉ်ခွင့်ရတယ်ဆိုတာ ကိုပဲ နည်းတဲ့ကျေးဇူးမဟုတ်။ တင်တတ်ရင်တော့ ကျေးဇူးရှင်တွေများမှများ ကဗျာဆရာတစ် ယောက်ဆို ဘ၀မှာကျေးဇူးရှင် တွေများလွန်းလို့ ကိုယ့်ခြေထောက် ဘယ်ထားအိပ်ရမှန်းကို မသိလို့ စာဖွဲ့ခဲ့သေး။

အင်း ...ခုတော့ ဘာပဲဖြစ် ဖြစ် YBS စနစ်ပြောင်းတာ တစ် လနီးပါးဖြစ်လာပြီဆိုတော့ကာ အရင်လိုညည်းတွားသံတွေ သိပ် မကြားရတော့ တဖြည်းဖြည်းအ သစ်စက်စက် ဒုက္ခတွေနဲ့နေသား တကျရှိလာလို့ပေါ့။ အတွေ့အ ကြုံဆိုတာကလည်း ယူတတ်ရင် ဘာဝနာ၊ မယူတတ်ရင်သာ ရင် နာစရာမဟုတ်လား။ ကားကျပ် ရင် ကျပ်တယ်လို့မှတ်၊ ယာဉ် ကြောပိတ်ရင် ပိတ်တယ်လို့မှတ်၊ ခါးပိုက်နှိုက်ရင် နှိုက်တယ်လို့မှတ်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို အော်တိုစနစ်နဲ့ ဗီဇာမလိုဘဲ တန်းရောက်နိုင်သေး။

အနောက်တိုင်းစကားပုံတစ် ခုရှိပါရဲ့။ In Times of Drostic Change , It is the Learners Only Who Inherit the Future ကြီးမားပြင်းထန်သော အပြောင်း အလဲများဖြစ်ပေါ်နေချိန်တွင် လေ့ လာသင်ယူသူများသာ အနာဂတ် ကိုအမွေဆက်ခံနိုင်သတဲ့လို့ ဆို ထားပါတယ်။ လောလောဆယ် တော့ ပြည်သူနှစ်သန်းကျော်ခမျာ  အနာဂတ်ကို ခဏထား၊ ပစ္စုပ္ပန် မှာတင် ဟောဟဲဟောဟဲနဲ့ ပက် လက်ကိုလန်လို့၊ လိုင်းကားရှောင် ခရီးသည်တွေနဲ့ ဘူတာရုံတွေမှာ လည်း ခိုလှုံကြသူများမှ များပေါ့။ ဒါပေမဲ့စနစ်သစ်ပြောင်းပြီးကတည်းက ယာဉ်တိုက်မှုတွေ စပယ်ယာ ဆင်းရိုက်မှုတွေ နည်းတော့နည်း လာသား။ YBS ကားအချင်းချင်း မတော်တဆ ဘာညာဘာညာ တိုက်မိတာလေးတွေ အနည်းအ ကျဉ်းတော့ ရှိသေးသပေါ့။ သင်္ဃန်းကျွန်းဇ၀နမှတ်တိုင်မှာ ဖေဖော်ဝါ ရီ ၇ ရက်က YBS (၁၀)ယာဉ်လိုင်း ပေါ်က ပြုတ်ကျပြီး သေဆုံးတာ မျိုးလေးတော့ ရှိသေးသပေါ့။

ခရီးသည်တွေအတွက် အ ဆင်မပြေသေးတာတော့ သေချာ နေပါရဲ့။ အများစုခမျာအချိန်ကြာ လာတာနဲ့အမျှ ပင်ပန်းလာတဲ့ ဒဏ်၊ အပိုကုန်ကျလာတဲ့ ဒဏ် တွေကလည်း ၀န်ပိလာကြတာ လည်း မှန်ပါရဲ့။ ကိုယ်ကြည်ဖြူတဲ့ အစိုးရမို့၊ ကိုယ်တန်ဖိုးထားလေး စားတဲ့ ဦးဆောင်သူတွေမို့ အဆင် မပြေမှုတွေရှိလည်း စေတနာအ မှားလို့ ယုံကြည်လက်ခံထားကြပါ လေရဲ့။ အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားပြုပြင်ကြမယ် လို့လည်း ယုံကြည်နေကြပါရဲ့။ အခုထက်တိုင်တော့ မှိုနံ့တထောင်းထောင်းထ အဟောင်းကလူတွေအများစုမို့ လုမောင်းပြိုင်မောင်း အကျင့်ဟောင်းတွေလည်း နေရာ အများစုမှာ တွေးနေရဆဲ၊ ကား မှတ်တိုင်တွေမှာ လူစောင့်တင်၊ နောက်ကားမြင်မှ အသားကုန် မောင်း၊ အန္တရာယ်လမ်းကြောင်း တွေမြင်နေရဆဲ၊ ကားပေါ်ခရီး သည်များလာတာနဲ့ တွန်းတင်၊ တွန်းချ၊ မီးပွိုင့်တွေမှာ လစ်ရင် လစ်သလို အတင်အချလုပ်နေ တာလည်း ယာဉ်လိုင်းတချို့မှာ မြင်နေရဆဲ၊ လင်နဲ့မယားအချင်း ချင်းနဲ့တောင် ပိုပြီး ပူးပူးကပ်ကပ် ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး ဒုက္ခခံစားခရီးသွားနေကြရတဲ့ အ မျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ကိုယ်စား ရင်နာစရာတွေ တွေ့မြင် နေရတာလည်း နေရာအနှံ့မမြင် ချင်မှအဆုံးပါ။ ဒီကြားထဲ ကားထဲ လူကျပ်လာပြီဆိုတာနဲ့ ကိုရွှေစ ပယ်ယာအချို့ရဲ့ ပြောဆိုနေကြ ကိုယ့်အသိစိတ်နဲ့ ကိုယ်အထဲဝင် တိုးစီးနော်။ ကိုယ်လည်း အိမ်ပြန် ချင်သလို သူများလည်း ပြန်ချင် မှာပေါ့ဆိုတဲ့ ခရီးသည်အချင်းချင်း ပြန်တိုက်ပေးတဲ့စကားတွေလည်း နေရာတချို့မှာ ကြားနေ၊ မြင်နေ၊ ကြုံနေရတုန်းပါပဲ။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် စတင်ဖော်ဆောင်ခဲ့တဲ့ လမ်းဘေးဈေးသည်များ စနစ်တ ကျနေရာချထားရေး အစီအစဉ် ကတော့ အောင်မြင်ခဲ့ပါတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ YBS မော်တော်ယာဉ်လိုင်းက တော့ ခရီးသွားပြည်သူအများစုအ တွက် အဆင်မပြေသေးတော့ မအောင်မြင်သေးဘူးလို့သာ ဆိုရမှာပါ။ မအောင်မြင်မှာတော့မဟုတ်ပါဘူး။

 ဆက်လက်ပြီး တိုးချဲ့သင့် တာ တိုးချဲ့၊ပြုပြင်သင့်တာပြုပြင်၊ ဖြည့်ဆည်းသင့်တာ ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ ယာဉ် မလုံလောက်တဲ့ကိစ္စ၊ အဆင့်ဆင့်ပြောင်းစီးနေ ရတဲ့ ဒုက္ခ၊ လိုအပ်တာထက် ပိုကျသင့်နေကြရတဲ့ ကားခစရိတ်တွေ ပြေလည်သွားကောင်း ပြေလည် သွားနိုင်ပါရဲ့။

အခက်အခဲကတော့ ယာဉ် ပိုင်ရှင်တွေ၊ ယာဉ်လုပ်သားတွေ မှာလည်း ရှိနိုင်ပါတယ်။ ယာဉ်ပိုင် ရှင်တစ်ဦးကတော့ ကားအသစ် တစ်စီးနဲ့ စပြေးဆွဲပါသတဲ့။ ပထမ နေ့မှာ အဲကွန်းကိုထိန်းထားတဲ့ ဘုလုံးအလှဝက်အူတွေ ဖြုတ်ယူ သွားကြသတဲ့။ ဒုတိယနေ့မှာဆို ဖာကူရှင်တွေ ဓားနဲ့ခွဲသွားကြပါ တယ်တဲ့။ တတိယနေ့မှာ စပီကာ တွေကို ဘောပင်နဲ့ ထိုးဖောက် သွားကြတယ်ဆိုပဲ။ အမှတ်(၇) ယာဉ်ပိုင် ကားပိုင်ရှင်တစ်ဦးရဲ့ ပြောပြချက်ပါ။ တချို့ပိုင်ရှင်တွေ ကတော့ စည်းကမ်းဖောက်ကား တွေကို Checking လုပ်မယ့် ဂျီ ပီအက်စ်တပ်မှာကို မလိုလားဘူး။ လိုင်းကြေးလေးပေးပြီး ဂိတ်ဆုံးမ မောင်း၊ ဘာညာကွိကွ ကြည့် ကျက်ညှိပြီး စည်းကမ်းဖောက်ချင် သူတွေလည်း ရှိချင်ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ခရီးသွားပြည်သူ တွေတွက် အဆင်မပြေတာတော့ အသေအချာပါပဲ။ အခုတော့ ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်းတွေကို တစ်လအကြာမှာပြန်လည် စိစစ်ပြီး ယာဉ်လမ်း ကြောင်း ပြောင်းလဲခြင်း၊ အသစ် တိုးချဲ့ခြင်းတွေ လုပ်ဆောင်တော့ မယ့်အကြောင်းကြားလိုက်ရလို့ ကျေနပ်မိပါရဲ့။ အဆင်မပြေမှုဆို တာ တာရှည်ခံအစားအစာမှ မဟုတ်တာ။  

Sources : 7Day News Journal

No comments:

Post a Comment