စာအုပ် မထွက်သေးခင် ပွဲဆူနေတဲ့ တောင်တန်း တွေရဲ့အလွန်
အကြောင်း ပြောပြတဲ့ ပုညခင် …!
‘ တောင်တန်း တွေရဲ့ အလွန်’ဝတ္ထုတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်အကျဆုံးဒေသဖြစ် သည့် ချင်းပြည်နယ်နှင့်ပတ်သက် သည့် အကြောင်းအရာများ ထည့် သွင်းရေးသားထားကြောင်း ပုည ခင်က ပြောသည်။
‘‘ဒီဝတ္ထုရဲ့ ရည်ရွယ်ချက်က အစ်မတို့နိုင်ငံရဲ့ လူသားအရင်း အမြစ်တွေကို မဆုံးရှုံးရအောင်ဆို တဲ့ ရည်ရွယ်ချက်ရှိတယ်။ တိုင်း ရင်းသားတွေရဲ့ဘဝကို နားလည် တယ်၊ စာနာတယ်၊ သူတို့ဒေသ ကို ဖွံ့ဖြိုးစေချင်တဲ့ စေတနာ၊ သဘာဝပတ်ဝန်းကျင်တွေ မပျက် စီးစေချင်တဲ့ စေတနာမျိုးတွေပါ သလို မိရိုးဖလာအတွေးအခေါ် အယူအဆတွေရှိတဲ့ လူကြီးမိဘ တွေရဲ့ အုပ်ထိန်းမှုအောက်မှာ မိန်းမသားတွေရဲ့ အိမ်ထောင်ရေး ဘဝတွေ အကျဉ်းချမခံရစေဖို့ဆို တဲ့ ရည်ရွယ်ချက်တစ်ခုလည်း ပါပါတယ်’’ဟု တောင်တန်းတွေ ရဲ့ အလွန် ဝတ္ထုရေးသားဖြစ်သည့် အကြောင်းကို ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ချင်းတောင်တန်းဒေသသို့ စာဖတ် ရှိန်မြှင့်တင်ရေးခရီးအဖြစ် သွား ရောက်သည့်အချိန်၌ လူငယ်များ နှင့် တွေ့ဆုံခဲ့ရာမှ အဆိုပါဝတ္ထု ရေးသားရန် စတင်ခဲ့ပြီး ချင်းပြည်နယ်၏ လှပသည့်နေရာများ ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက်လည်း ရည်ရွယ်ခဲ့ ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဝတ္ထုကို Limited Edition ထုတ်မည့်အကြောင်း ဖေ့စ်ဘွတ်ခ်တွင် ကြေညာခဲ့ပြီး အုပ်ရေသုံးရာသာထုတ်မည်ဆိုသော်လည်း ကြိုတင်မှာယူသူ များပြားခဲ့ကြောင်း ၎င်းက ဆို သည်။
‘‘အဲဒီလောက် လိုလားနှစ် သက်တဲ့ လူများမယ်လို့ မထင် ထားတဲ့အတွက် ပုံမှန်လေးပဲ ဖေ့စ်ဘွတ်ခ်ကကြေညာလိုက်တယ်။ ကြေညာလိုက်ပြီး သိပ်မကြာခင် မှာပဲ အမှာနှစ်ထောင်ကျော် လောက်တက်လာတယ်။ အဲဒီအ ချိန်မှာ အတွေ့အကြုံလည်းမရှိ ဘူး။ ပထမဆုံးအတွေ့အကြုံဖြစ် တဲ့အတွက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ မက်ဆေ့ခ်ျတွေ ပို့ကြတာတွေ၊ အစ်မကိုလာပြီး မရလို့ မဖြစ်ဘူးဆိုပြီး ပူဆာကြသူ တွေကြောင့် ရုတ်တရက် ဘာလုပ် ရမှန်းမသိဖြစ်သွားတဲ့အချိန်မှာ ပရိသတ်ကို ကျွန်မ ဘာလုပ်စေ ချင်လဲလို့ ပရိသတ်ကိုမေးတဲ့ပို့စ် လေးတင်ခဲ့တယ်။ အဲဒီအချိန်မှာ ထုတ်မယ်လို့လည်း မဆုံးဖြတ်ရ သေးဘူး။ အဲဒီအချိန်မှာပဲ ကျွန်မ ကို တိုက်ခိုက်မှုတွေ ပေါ်လာတာ ကို တွေ့ရတယ်’’ဟု ဖေ့စ်ဘွတ်ခ် တွင် ပွဲဆူခဲ့သည့် Limited Edition ကိစ္စနှင့်ပတ်သက်၍ ပြောကြားသည်။
Limited Edition ဝယ်ယူနိုင် မည့် လူစာရင်းကို ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် ကြေညာထားပြီး ပုံမှန်အတိုင်းထုတ်ဝေသည့် စာအုပ် များကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ချိ မည်ဖြစ်ကြောင်း ပုညခင်၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment