Latest News

Saturday, February 25, 2017

တမန်တော်နေ့ အခမ်းအနားကို ကန့်ကွက်ဆန္ဒပြ

တမန်တော်နေ့ အခမ်းအနားကို ကန့်ကွက်ဆန္ဒပြ

ရန်ကုန်မြို့ Strand Hotel မှာ ကျင်းပနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားကို အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ သံဃာ ၁၀ ပါးကျော်နဲ့ လူ ၂၀ လောက်က ဟိုတယ်ရှေ့မှာ ကန့်ကွက်ခဲ့ကြပါတယ်။

ဘာသာရေးအခမ်းအနားကို အကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်တာတွေကြောင့် လာရောက်ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။

"၄င်းတို့အဆိုအရ ဧပြီလ ၂၂ ရက်နေ့ဟု သိရပါသည်၊ ထို့နေတွင် ကျင်းပခြင်းမျိုးမဟုတ်ပါပဲ အကြိမ်ကြိမ်အခါခါကျင်းပနေသည်မှာ ဘာသာရေးကိုအကြောင်းပြပြီး လူမျိုးရေးပဋိပက္ခများဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းမှာ ထင်ရှားနေသည့်အပေါ် သဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်သည်"

အစ္စလာမ်တွေရဲ့ တမန်တော်နေ့အခမ်းအနားကို ဒီနေ့ ညနေ ၆ နာရီမှာ စတင်ကျင်းပတာဖြစ်ပါတယ်။

အခမ်းအနားကို ၁၄၉၁ ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီက ဦးစီးကျင်းပတာဖြစ်ပြီး နိုင်ငံတကာသံတမန်တချို့ တက်ရောက်နေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးတို့ကို ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

Photo : Htet Arkar , Kaung Htet Kyaw/ RFA

(အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားကို ကန့်ကွက်တဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ သံဃာ ၁၀ ပါးကျော်နဲ့ လူ ၂၀ လောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်)

No comments:

Post a Comment