အကယ်ဒမီပေးပွဲမတိုင်ခင် ရုံတင်ဖို့ကြိုးစားနေတဲ့ ‘ငါ့အကယ်ဒမီ’ ဇာတ်ကား
‘ငါ့အကယ်ဒမီ’ရုပ်ရှင် ဇာတ်ကားကို အကယ်ဒမီပေးပွဲ မတိုင်မီ ရုံတင်ပြသလိုသော ကြောင့် မတ်လ ဒုတိယပတ်တွင် ရုံတင်နိုင်ရန် ကြိုးစားနေကြောင်း ဒါရိုက်တာရာဇဝင်ကိုက ပြော ကြားသည်။
‘‘ရက်ကတော့ ညှိနေတုန်း ပဲ။ မတ်လ ဒုတိယပတ်ဝန်းကျင် လောက်တော့ မှန်းထားတယ်။ ကျွန်တော်တို့ ဘီရုံကပဲ ပြမှာပါ’’ ဟု ၎င်းက ပြောသည်။
အဆိုပါဇာတ်ကားကို ၂၀၁၆က ရိုက်ကူးခဲ့ပြီး ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်နှင့် ရွှေမှုံရတီတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။
‘‘တစ်ဖက်လူကို နစ်နာစေ လိုတဲ့ ဆန္ဒနဲ့တော့ မဟုတ်ဘူး။ ရုပ် ရှင်လောကကို ဟာသအမြင်လေး နဲ့ ပြကြည့်တာပါ။ ရည်ရွယ်ချက် ကတော့ ပရိသတ်တွေကို ပျော်ဖို့၊ ရွှင်ဖို့ တစ်ခုတည်းပါ။ သရော်တာ လည်း မဟုတ်ပါဘူး။ ပရိသတ် တွေပျော်ဖို့ Entertainment ဆန် ဆန် ရိုက်ထားတာပါ’’ဟု ရာဇဝင် ကိုက ပြောသည်။
ယင်းရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာရာဇဝင်ကို၏ ဒုတိယ မြောက်ရုံတင် ဇာတ်ကားဖြစ်ပြီး ပြီးခဲ့သည့် နှစ်အတွင်း ရုံတင်ခဲ့ သော ‘ဖေ့စ်ဘုတ်ရွာ’ ဇာတ်ကား က ဝင်ငွေစံချိန်ချိုးခဲ့သည်။
အဆိုပါရုပ်ရှင်တွင် အကယ် ဒမီပေးပွဲဇာတ်ဝင်ခန်း ထည့်သွင်းရိုက်ကူးထားပြီး ယင်းဇာတ်ဝင်ခန်းအတွက် ကျပ်သိန်းသုံးရာခန့် ကုန်ကျခဲ့ကြောင်း ဒါရိုက်တာ ရာဇဝင်ကိုက ပြောကြားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment