နားဆင်ရတော့မယ့် အဆိုတော်ကြီးတချို့ရဲ့ သင်္ကြန်သီချင်းအသစ်များ
အဆိုတော်များ ကိုယ် တိုင်စီစဉ်သည့် သင်္ကြန် Fever 2017 တေးစီးရီးကို မတ်လဆန်း တွင် ဖြန့်ချိမည်ဖြစ်ပြီး သင်္ကြန် သီချင်းအသစ်များကို နားဆင်ရ မည်ဟု ယင်းအခွေတွင် ပါဝင်သီ ဆိုထားသည့် ရှင်ဖုန်းက ပြော သည်။
‘‘ဒီအခွေကို ရှင်ဖုန်းနဲ့ ယု (ယုဇန)နဲ့ စပြီး စီစဉ်ဖြစ်ပါတယ်။ သင်္ကြန်အခွေလေးတစ်ခွေလုပ်ရ အောင်ဆိုပြီး တိုင်ပင်ဖြစ်ပါတယ်။ အဲဒီကနေစပြီး ကိုယ့်သူငယ်ချင်း တွေ၊ အနုပညာညီအစ်ကိုမောင် နှမတွေကို ဖိတ်ခေါ်ခဲ့ပါတယ်’’ဟု ယင်းအခွေစတင်စီစဉ်ဖြစ်သည့် အကြောင်း ရှင်ဖုန်းကပြောသည်။
အဆိုပါအခွေတွင် အဆို တော် ၁၇ ဦးသီဆိုထားသည့် သီချင်း ၁၆ ပုဒ်ပါဝင်ပြီး သီချင်း အဟောင်းသုံးပုဒ်သာပါဝင်ကာ ကျန်သီချင်းအားလုံးက အသစ် များဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအခွေတွင် မျိုးကျော့ မြိုင်၊ ဂရေဟမ်၊ အနဂ္ဂ၊ ဖြိုးကြီး၊ သားကြီး၊ ဇွဲပြည့်၊ ကော်နီ၊ယုဇန၊ မေစံပယ်ညို၊ ရှင်ဖုန်း၊ ရေဗက္ကာ ၀င်း၊ ဂျင်းနီ၊ နန်းသီရိမောင်၊ ၀ိုင်း လေးနှင့် ပန်းရောင်ခြယ်တို့က သီချင်းတစ်ပုဒ်စီ သီဆိုထားပြီး သံသာဝင်း၏ သီချင်းတွင် စန္ဒီမြင့် လွင်က Featuring ပါဝင်သီဆို ထားသည်။
အဆိုတော်များ ကိုယ်တိုင် စီစဉ်သည့် အခွေဖြစ်ပြီး စိတ် ကြိုက်သီချင်းများကို သေချာစွာ ရွေးချယ် သီဆိုထားသောကြောင့် အချိန်ပေးစီစဉ်ခဲ့ရကြောင်း ယုဇန က ပြောသည်။
‘‘အနုပညာရှင်တွေပဲ စီစဉ် တဲ့ အခွေဖြစ်တဲ့အတွက် လိုအပ် ချက်လေးတွေရှိပါတယ်။ အခု တော့ အခွက ရုပ်လုံးပေါ်လာပါ ပြီ။ ဒီအခွေက ကိုမျိုးကျော့တို့က နေ ဇွဲပြည့်တို့အထိ Generation အများကြီးပါဝင်တဲ့အတွက် ရသ မျိုးစုံလည်း ခံစားရမယ်ထင်ပါ တယ်’’ဟု ယုဇနက ပြောသည်။
ယင်းအခွေကို အော်ဒီယို စီဒီနှင့် ဒီဗီဒီတစ်ပါတည်းဖြန့်ချိ မည်ဖြစ်ပြီး အခွေပရိုမိုးရှင်းပွဲကို လှည်းတန်းစင်တာ၌ မတ်လ ၁၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ယင်းအခွေပရိုမိုးရှင်းပွဲတွင် အဆိုတော်များကိုယ်တိုင် ပရိ သတ်များအကြားသို့ ဆင်း၍ အ ခွေများရောင်းချပေးရန် အစီအ စဉ်ရှိကြောင်း အနဂ္ဂက ပြော သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment