Latest News

Tuesday, February 21, 2017

သုံးခွ-ကျုံပျော် ကားလမ်းဘေး၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံး

သုံးခွ-ကျုံပျော် ကားလမ်းဘေး၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်

လဲကျသေဆုံး

   
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လူသန့်ချောင်အုပ်စု၊ သရက်ကုန်းကျေးရွာ၊ သုံးခွ-ကျုံပျော် ကားလမ်းဘေးမှာ ဖေဖော်ဝါရီ(၁၈)ရက်နေ့ည (၇)နာရီခွဲခန့်က အမျိုးသမီးကြီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး လဲကျသေဆုံးတာဖြစ်နိုင်တယ်လို့ ယူဆရတဲ့ လူသေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲဒီလူသေဆုံးမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ(၁၈)ရက် ည(၁၁)နာရီ မိနစ်(၂၀)ခန့်မှာ ကျောင်းကုန်းမြို့မရဲစခန်းက တာဝန်မှူးတာဝန် ဆောင်ရွက်နေတဲ့ ဒုရဲအုပ်လှမိုးဟာ အသုတ်နယ်မြေရဲစခန်းကနေ ဖုန်းနဲ့ဆက်သွယ်ပြီး အသုတ်ဆေးရုံမှာ သေဆုံးသူအလောင်းတစ်လောင်း ရောက်ရှိနေကြောင်း အကြောင်းကြားတဲ့အတွက် သက်သေတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့ပါတယ်။

အဲဒီလိုသွားရောက်စစ်ဆေးရာမှာ (၇)နာရီခွဲခန့်က သုံးခွ-ကျုံပျော် ကားလမ်း၊ မိုင်တိုင်အမှတ် (၆၄)မိုင် (၄)ဖာလုံနဲ့ (၅)ဖာလုံကြားမှာ ဆိုင်ကယ်ဖြတ်မောင်းသွားသံနဲ့ အော်သံကြားရတဲ့အတွက် သရက်ကုန်းကျေးရွာနေ ကိုကျော်သူထက်က နေအိမ်ကနေထွက်ကြည့်ရာ သူရဲ့မိခင်ဖြစ်သူ အသက်(၅၈)နှစ်အရွယ်ရှိ ဒေါ်လှရွှေဟာ ဆိုင်ကယ်အတိုက်ခံရတယ်လို့ ထင်ရတဲ့ ဒဏ်ရာတွေနဲ့ ကားလမ်းဘေးမှာ လဲကျနေတာကို တွေ့ရှိရကြောင်း ပြောပြထွက်ဆိုပါတယ်။

ဒါ့အပြင် အဲဒီလူနာကို နီးစပ်ရာ အသုတ်ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ယာဉ်မဆင်မခြင်မောင်းနှင်ပြီ လူကိုထိခိုက်သေဆုံးစေသူ အမည်မသိ ဆိုင်ကယ်ယာဉ်မောင်းကို စုံစမ်းဖော်ထုတ်နေကာ ကျောင်းကုန်းမြို့မရဲစခန်းမှာ ယာဉ်(ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ တို့နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကိုဝင်းကြိုင်(ကျောင်းကုန်း)
က ပေးပို့တာဖြစ်ပါတယ်။

Credit : Thit Htoo Lwin >>> Lwin Pyin

No comments:

Post a Comment