Latest News

Saturday, February 11, 2017

ပရဟိတဂုဏ်ဆောင် သူရဲကောင်းကိုနေဝင်း၏ကိုယ်စား ကျန်ရစ်သူမိဘနှစ်ပါးအား နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ရာသက်ပန် ကျန်းမာရေးစောင့်ရှောက်မှုပေးမည်

ပရဟိတဂုဏ်ဆောင် သူရဲကောင်းကိုနေဝင်း၏ကိုယ်စား ကျန်ရစ်သူမိဘနှစ်ပါးအား နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ရာသက်ပန် ကျန်းမာရေးစောင့်ရှောက်မှုပေးမည်

ရန်ကုန် ဖေဖေါ်ဝါရီ ၁၁

ဇန်နဝါရီ ၂၉ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌တရားလွှတ်တော်ရှေ့နေဦးကိုနီကိုသေနတ်ဖြင့်အ နီးကပ်ပစ်ခတ်လုပ်ကြံသူအား လိုက်လံ ဖမ်းဆီးပေးရင်း အသက်ပေးသွားပါသော ပရဟိတသမား သူရဲကောင်း ဦးနေဝင်း၏ ကိုယ်စားကျန်ရစ်သူ မိဘနှစ်ပါးတို့ အားနာရေးကူညီမှု အသင်း (ရန်ကုန်) ၏ ကောင်းမှုတစ်ခု အဖြစ်အသင်းမှဂုဏ်ပြုကဒ်နှင့် ရာသက်ပန်ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိ သူများက ယနေ့သွားရောက် ဂါရဝပြုပြောကြားခဲ့ပါသည်။

၂၀၁၇ခု၊ ဖေဖော်ဝါရီလမှ စတင်ကာ ဦးနေဝင်း၏ မိဘများ ကိုကျန်းမာရေးစောင့်ရှောက်မှုပြုသည့်အနေဖြင့် မိခင်ကြီး ကုန်ကျထားသော တစ်လတာ ဆေးဝါးကုန်ကျစရိတ်ငွေ ၅၁၀၀၀ကျပ်ကိုလည်း ယနေ့ဂါရဝပြု ပေးအပ်ခဲ့ပါသည်။

ပရဟိတသမား သားကိုယ်စား အစားရခဲ့သော ပရဟိတ သားသမီးများ၏ဂါရဝပြုမှုအပေါ်ဦးနေဝင်း၏ မိဘနှစ်ပါး စလုံးကမျက်ရည်စများဝဲလျက် အသင်းကြီး ယခုထက်ပို အောင်မြင်စေကြောင်း ဆုမွန်ကောင်းများ ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း - ရန်ကုန်

No comments:

Post a Comment