Latest News

Saturday, February 11, 2017

ခွေးလေခွေးလွင့်စောင့်ရှောက်ရေးဂေဟာ မပိတ်ရအောင် ရော်နယ်ဒို ကူညီပေးခဲ့

ခွေးလေခွေးလွင့်စောင့်ရှောက်ရေးဂေဟာ မပိတ်ရအောင် ရော်နယ်ဒို ကူညီပေးခဲ့

ငွေကြေးအခက်အခဲကြောင့် ပိတ်ရမလိုဖြစ်နေတဲ့ ခွေးလေခွေးလွင့်
စောင့်ရှောက်ရေးဂေဟာကို ရော်နယ်ဒိုက ကြားဝင်ကူညီပေးခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံ ဂွာဒါခရိုင်က ခွေးလေခွေးလွင့် စောင့်ရှောက်ရေးဂေဟာ အကြောင်း သိလိုက်ချိန်မှာ ခွေးချစ်တတ်တဲ့ ရော်နယ်ဒိုက ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ လက်မှတ်ထိုးထားတဲ့ ရီးရဲလ်ဂျာစီကို ခွေးလေခွေးလွင့် စောင့်ရှောက်ရေးဂေဟာထံ ပို့ပေးခဲ့ပြီး ငွေကြေးအခက်အခဲ ပြေလည်ဖို့ ဒီဂျာစီကို လေလံတင်ခိုင်းခဲ့ပါတယ်။

ခွေးလေခွေးလွင့် စောင့်ရှောက်ရေးဂေဟာပိုင်ရှင် ဆန်းတို့စ်က
''နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ရော်နယ်ဒိုကို ကျေးဇူးတင်ချင်ပါတယ်။ ဒါက ရိုးရှင်းတဲ့အပြုအမူပါ။ ဒါပေမဲ့ အရမ်းအရေးပါပါတယ်''လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ အရင်ကလည်း ရွှေဖိနပ်ဆုကို ယူရို ၁.၅ သန်းနဲ့ ရောင်းချပြီးဂါဇာကမ်းမြောင်ဒေသက ကျောင်းတွေကို လှူ ဒါန်းခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

No comments:

Post a Comment